မင်္ဂလာပါ…. ပျိုမဒီတို့ရေ….. မိန်းကလေးတွေအတွက် အိတ်ဆိုတာက မိန်းကလေးနဲ့အိတ်ဆိုတာ ခွဲခြားလို့ရတဲ့အရာမဟုတ်ဘဲ မဖြစ်မနေလိုအပ်တဲ့အရာဖြစ်သလို ဖက်ရှင်တခုလိုဆိုရင်လည်း မမှားပါဘူးနော်။  ဒီလို မိန်းကလေးတိုင်းအတွက် အရေးပါတဲ့အိတ်တွေကို နာမည်ပေးတဲ့အခါမှာ ကမ္ဘာကျော်အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အိတ်ဒီဇိုင်နာတွေက သူတို့ရဲ့နာမည်ပေးပြီး ထုတ်ခဲ့ကြပါတယ်။

ဒါဆို ဘယ် အိတ်တွေက မိန်းကလေးနာမည်ကျော်တွေရဲ့နာမည်နဲ့ ထုတ်ထားတဲ့အိတ်တွေဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

Princess Diana: Lady Dior

ဒိုင်ယာနာအိ်တ်လို့ လူသိများကြတဲ့ ဒီအိတ်လေးရဲ့ မူလနာမည်က Chouchou ဖြစ်ပြီး 1996 ခုနှစ်မှာတော့ Dior က အိတ်ကို မင်းသမီးလေးလို့ နာမည်ပြောင်းခဲ့ပါတယ်။

Amal Clooney: Ballin Amal

အသက် 44 နှစ်အရွယ်ရှိပြီး Columbia Law School Profile အရ လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများကို အထူးပြုထားတဲ့ တချိန်က ကမ္ဘာကျော်ကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့တဲ့ Amal Clooney အတွက် အီတလီဖိနပ်အမှတ်တံဆိပ် Ballin မှ သားရေထိပ်လက်ကိုင်အိတ်တစ်ခုကို The Amal လို့ နာမည်ပေးထားခဲ့ပါတယ်။

Selena Gomez: Coach’s Selena Trail

ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Coach ကလည်း ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Selena Gomez နဲ့အတူပူးပေါင်းပြီး သူ့နာမည်နဲ့ Selena Trail အိတ်တွေကို အရောင်အမျိုးမျိုးနဲ့ ထုတ်လုပ်ခဲ့ပါသေးတယ်။

Princess Grace Kelly: Hermès Kelly

မိုနာကိုမှ မင်းသမီး Grace Kelly က 1950 ခုနှစ်တွေမှာ  Paparazzi တွေဆီကနေ ကိုယ်ဝန်ကို ဖုံးကွယ်ဖို့ Hermès ရဲ့  ဒဏ္ဍာရီအိတ်ကို ဗိုက်ပေါ်မှာ ကိုင်ထားပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။  Kelly ကိုင်တဲ့ အိတ်ကိုဝယ်ဖို့ တန်းစီနေကြတဲ့ဓာတ်ပုံက ကမ္ဘာကို အရူးအမူးဖြစ်စေခဲ့ပြီး ယနေ့ခေတ်မှာတော့  Kelly အိတ်က လက်ကိုင်အိတ်ဈေးကွက်မှာ အကြီးဆုံးရွေးချယ်စရာတွေထဲမှ တစ်ခုဖြစ်ဆဲပါဘဲ။

Jackie Kennedy: Gucci’s The Jackie

Jackie Kennedy သည် အမေရိကန်သမိုင်းမှာ သူမဝတ်သမျှက  အကုန်လုံးကိုဖမ်းစားနိုင်တဲ့  ဖက်ရှင်အရှိဆုံး ပထမအမျိုးသမီးတွေထဲက တစ်ယောက်အဖြစ် လေးစားခံရဆဲတစ်ယောက်ပါ။ 0s နှင့် 80s များမှာ Gucci ရဲ့ ကုန်းနှီးအိတ်ကို မကြာမကြာလွယ်တတ်တာကြောင့် 1971 ခုနှစ်မှာ သူမရဲ့နာမည်ကို တရားဝင်ပြောင်းလဲခဲ့ပါတယ်။