သင်က လူတစ်ယောက်နဲ့ တွဲတာကြာပြီဆိုရင် အချင်းချင်းပြောတဲ့ စကားလုံးတွေက တစ်နေ့တစ်နေ့ ထပ်နေနိုင်သလို ဒိတ်လုပ်ရမယ့် နေရာတွေ၊ အခြေအနေတွေကလည်း ထပ်နေတတ်ပါတယ်။ ကြာလာတဲ့အခါ သင်တို့နှစ်ယောက်လုံး ရိုးအီလာနိုင်သလို၊ သင်ကိုယ်တိုင်လည်း ရိုးအီလာနိုင်ပါတယ်။ တွဲတာကြာပြီဖြစ်တဲ့ စုံတွဲတွေက နည်းလမ်းမျိုးစုံနဲ့ ဒိတ်ဖူးပြီးပြီဖို့ အိုင်ဒီယာ သစ်တွေ ထွက်ဖို့က ခက်ခဲတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင်တို့ နှစ်ဦးလုံးအတွက် ဆန်းသစ်စေမယ့် ဒိတ်လုပ်နည်း အိုင်ဒီယာ အသစ်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ နေရာသစ်ကို သွားပါ

သင်တို့ နှစ်ဦးက နေရာစုံ ရောက်ဖူးရင်တောင် တစ်နေ့နဲ့ တစ်နေ့ မတူတဲ့ နေရာတွေ၊ ဆိုင်တွေက ပေါ်လာစမြဲပါ။ တစ်နေ့တာ Day Trip ထွက်ပြီး နေရာအသစ်ကို နှစ်ယောက်သား စူးစမ်းကြည့်နိုင်ပါတယ်။ နေရာသစ်က ဘယ်လိုမျိုးလဲ ဒိုင်လူကြီးတွေလို နှစ်ဦးသား ဝေဖန်နိုင်ပါသေးတယ်။ သင်တို့ သွားတဲ့ နေရာသစ်က ပျော်ဖို့ကောင်းရင် နောက်တစ်ခေါက် သွားဖို့လည်း အိုင်ဒီယာသစ် ရနိုင်ပါတယ်။ နောက်တစ်ခေါက် ပြန်ရောက်ရင် ဘာလုပ်မလဲ ကြိုစဉ်းစားထားနိုင်ပါတယ်။

၂။ သောက်စရာတွေကို ဆန်းမြည်းကြည့်ပါ

နှစ်ယောက်လုံးက သောက်တတ်သူတွေဆိုရင် ဒီနည်းလမ်းက သင်တိုု့အတွက် အသစ်အဆန်းပါပဲ။ ဝိုင်အသစ်တွေကို အရသာ မြည်းကြည့်တာ၊ Cocktail အရသာ သစ်တွေကို နှစ်ယောက်သား Try ကြည့်တာမျိုး လုပ်နိုင်ပါတယ်။ ဒီလို စမ်းသောက်ကြည့်ရင်း သင်တို့ နှစ်ယောက်လုံး နှစ်သက်တဲ့ သောက်စရာ တစ်မျိုးကို ရှာတွေ့နိုင်ပါတယ်။ ဒီလို ရှာတွေ့ရင် တခြားသူတွေကိုပါ ညွှန်းပေးလို့ ရပါပြီ။

၃။ လှုပ်လှုပ်ရှားရှား တစ်ခုခုလုပ်ပါ

နှစ်ယောက်သား လှုပ်ရှားရတဲ့ သင်တန်းတစ်ခုခုမှာ အပ်နိုင်ပါတယ်။ ဥပမာ- ယောဂ သင်တန်းအပ်တာ၊ မနက်ပိုင်း နှစ်ယောက်အတူတူ ပြေးတာ၊ စက်ဘီး အတူတူ စီးတာ၊ အကသင်တန်း တူတူတက်တာ စတာတွေကို လုပ်နိုင်ပါတယ်။ အဓိက က နှစ်ယောက်လုံး လှုပ်လှုပ်ရှားရှား ဖြစ်ဖို့ပါ။

၄။ ပစ္စည်းအဟောင်းဆိုင်ကို တူတူသွားပါ

Photo Source: Westend61

သင်နဲ့ သင့်ချစ်သူက မသွားဖူးတဲ့ Thrift Shop ဆိုင်တွေကို သွားနိုင်သလို၊ Antique shop တွေကိုလည်း သွားနိုင်ပါတယ်။ ဒီလို အတူတူ သွားတဲ့အခါ မပျင်းရတော့ဘဲ ပင်ပန်းတာ သက်သာစေသလို ဈေးသက်သာတဲ့ ပစ္စည်းကောင်းတွေကိုပါ ဝယ်လာနိုင်ပါသေးတယ်။

၅။ ပထမဆုံး ဒိတ်တုန်းက သွားခဲ့တဲ့နေရာကို ပြန်သွားပါ

သင်တို့ ချစ်သူ ဖြစ်ခါစက ချိန်းခဲ့တဲ့ နေရာရှိမှာပါ။ ဒီနေရာကို ပြန်သွားကာ အတိတ်ကို ပြန်လည် နှိုးဆွနိုင်ပါတယ်။ ဒီဆိုင်မှာ ဘယ်သူက ဘယ်နေရာမှာ နေခဲ့တာ၊ ဘာစားခဲ့တာ၊ ဘယ်လိုတွေ ကြုံခဲ့တာ စတဲ့ အရာတွေကို နှစ်ယောက် အတူ ပြန်လည် ပြောနိုင်ပါတယ်။ ဒီလိုလုပ်တာက အတိတ်က အမှတ်တရ လှလှလေးတွေကို အတူတူ တူးဖော်ရတာပါပဲ။

Photo Source: Pinterest

By MyStyle Myanmar