သင်လုပ်တဲ့အလုပ်မှာပျော်ရွှင်ရဲ့လား။ ပျော်ရွှင်တယ်ဆိုရင်တော့ သင်ဒီအကြောင်းအရာကို လာဖတ်မှာမဟုတ်ပါဘူး။ သင့်စိတ်ထဲမှာ အလုပ်ခွင်မှာ လုပ်ကိုင်ရတာ အနည်းငယ်/အများအပြား မပျော်ရွှင်လို့သာ ဒီနေရာကို ရောက်လာတာပါ။ အဆိပ်နဲ့တူတဲ့ Work Environment က တကယ်ရှိပါတယ်။ သင်က ဒီလိုအလုပ်မှာလုပ်ကိုင်နေတယ်ဆိုရင် အောက်က ဆိုးကျိုးတွေကို ခံစားနေရတတ်ပါတယ်။ ဘာတွေလဲဆိုတော့-

၁။ စိတ်ဓာတ်ကျခြင်း

Toxic Work တစ်ခုမှာ အလုပ်လုပ်နေရတဲ့ အလုပ်သမားတစ်ယောက်ဟာ သူ့အလုပ်ကို စိတ်ဝင်စားခြင်းမရှိပါဘူး။ အမြဲဝမ်းနည်းနေတတ်ပါတယ်။ ခေါငး်ခဏခဏ ကိုက်ခဲတတ်ပါတယ်။

၂။ သောကဖြစ်ခြင်း

ဖိအားများတဲ့ အလုပ်ခွင်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေမှာတွေ့ရှိရတတ်ပါတယ်။ နှလုံးခုန်နှုန်းမြန်ခြင်း၊ စိုးရိမ်ပူပန်မှု များပြားခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ အဆိုးမြင်စိတ်များခြင်း စတဲ့ ခံစားချက်တွေကို ရရှိနေပြီဆိုရင်တော့ သင်က အဆိပ်ရှိတဲ့ အလုပ်ခွင်ထဲ ရောက်နေပါပြီ။

၃။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုက ဦးနှောက်ဖွဲ့စည်းမှုကို ပျက်စီးစေပါတယ်။ အလုပ်လုပ်တာမူမမှန်ခြင်း၊ စိတ်ဓာတ်ကျဖို့ လွယ်ကူခြင်းစတဲ့ ပျက်စီးမှုဆီ ဦးတည်စေပါတယ်။ ဘယ်သူ့ကိုမှ အားကိုးလို့မရဘဲ ကိုယ်တစ်ယောက်တည်း ကိုယ့်အားကိုယ်ကိုး၊ ပေါ်လာသမျှ ကိုယ့်ခေါင်းပေါ်ပဲ ပိတဲ့ တာဝန်ယူထားသူတွေမှာ စိတ်ဖိစီးမှုများပြားခြင်း တွေ့ရတတ်ပါတယ်။

၄။ မောပန်းခြင်း

အဆိပ်နဲ့တူတဲ့ အလုပ်မှာ လုပ်ကိုင်သူတွေဟာ အမောလွယ်ကြပါတယ်။ တစ်ချိန်လုံး ပင်ပန်းနေတတ်ပါတယ်။ ဒီဆိုးကျိုးတွေကနေ အစာအိမ်ရောဂါ၊ ဦးနှောက်နဲ့ပတ်သက်တဲ့ရောဂါတွေဆီ တွန်းပို့နေတတ်ပါတယ်။ မောပန်းလွယ်သူတွေက စိတ်ကူးသစ်တွေ ထွက်မလာတော့ခြင်း၊ အလုပ်ပြုတ်ခြင်းစတဲ့ ဆိုးကျိုးတွေဆီ ဦးတည်သွားတတ်ပါတယ်။

၅။ ဖျားနာခြင်း

စိတ်ဖိစီးမှုများတဲ့အလုပ်ခွင်မှာ အလုပ်လုပ်သူတွေဟာ ခဏခဏ ဆေးခွင့်ယူရတတ်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ မောပန်းလွယ်တာတွေကြောင့် ကျန်းမာရေးချူခြာတတ်ကြပါတယ်။ ကူးစက်ရောဂါတွေဝင်ရောက်ဖို့ လွယ်ကူတတ်တာကြောင့် သင့်အနေနဲ့ သတိထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar