ဘယ်သူနဲ့ပဲတွဲတွဲ ကြာကြာမခံပဲ ခဏလေးနဲ့ ပြတ်သွားကြတဲ့သူတွေ အများကြီးရှိပါတယ်။ ဒီလိုဖြစ်ရတာက နှစ်ဖက်လုံးနဲ့လည်း သက်ဆိုင်ပါတယ်။ ဘယ်သူနဲ့တွဲတွဲ ခဏလေးနဲ့ပြတ်သွားကြတာ ဘာကြောင့်လဲဆိုရင်တော့ အဓိကအဖြစ်များကြတာက ဒီအကြောင်းအရင်း ၅ ခုကြောင့်ပါပဲ။

ခဏခဏပြဿနာရှာခြင်း

ကိုယ့်ဘက်ကပဲဖြစ်ဖြစ်၊ တစ်ဖက်လူဘက်ကပဲဖြစ်ဖြစ် သေးသေးလေးကအစ၊ ဘာမဟုတ်တာလေးကအစ ခဏခဏပြဿနာရှာနေတဲ့သူမျိုးဆိုရင် ဘယ်သူ့မှ ကြာကြာမတွဲချင်ပါဘူး။ တစ်ဖြေးဖြေးနဲ့ စိတ်ကုန်လာပြီး ပြတ်သွားပါလိမ့်မယ်။

နားလည်မှုမရှိခြင်း

Relationship တစ်ခုမှာ နားလည်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။ နားလည်မှုမရှိရင် အချစ်ရေးမှာမှမဟုတ်ဘူး၊ လူမှုရေးမှာလည်း အဆင်မပြေနိုင်ပါဘူး။ ခဏခဏရန်ဖြစ်စကားများရပြီး အဆင်မပြေဖြစ်ကာ ခဏလေးနဲ့ ပြတ်စဲသွားကြတဲ့အတွဲတွေ အများကြီးပါ။

သဝန်တိုလွန်းခြင်း

သဝန်တိုတာကတော့ ဘယ်သူမဆို ကိုယ့်ချစ်သူအပေါ်မှာ သဝန်တိုတာပါပဲ။ ဒါပေမယ့် လိုတာထက်ပိုပြီး အလွန်အကျွံ အရမ်းတွေသဝန်တိုနေတာ၊ တစ်ချိန်လုံး ပြဿနာတွေပဲရှာနေတာမျိုး ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ နားလည်မှုလုံးဝမရှိဘူး၊ စိတ်ပျက်ဖို့ကောင်းတယ်ဆိုပြီး ကိုယ့်ဆီကနေ ထွက်သွားပါလိမ့်မယ်။ ဒီလိုမျိုးတွေကြောင့် ဘယ်သူနဲ့တွဲတွဲ ခဏလေးနဲ့ ပြတ်သွားပါလိမ့်မယ်။

အလိုမကျတာတွေများခြင်း

ရည်းစားထားပြီဆိုရင် အရာအရာလိုက်ချုပ်ချယ်ပြီး ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပုံသွင်းတာမျိုးတွေက လုံးဝကိုမလုပ်သင့်ပါဘူး။ တစ်ဖက်လူလည်း မွန်းကြပ်ရပါတယ်။ ပြီးရင် ကိုယ်လိုချင်သလို ဖြစ်မလာတဲ့အခါ ကိုယ်ပဲ စိတ်ပင်ပန်းရပါတယ်။ ဒီပြဿနာတွေက ကြာလာတဲ့အခါ တစ်ဖက်လူကလည်း မွန်းကြပ်လို့ မတွဲ ချင်တော့ဘူး၊ ကိုယ်ကလည်း အလိုမကျတွေဖြစ်ပြီး မတွဲချင်တော့ဘူးဆိုတာတွေ ဖြစ်လာတော့တာပါပဲ။

သေချာမရွေးချယ်မိခဲ့ခြင်း

ရည်းစားထားတဲ့အခါမှာ မတွဲခင်မှာ သူက ဘယ်လိုလူမျိုးလဲဆိုတာကို သိထားဖို့လိုပါတယ်။ မကောင်းတဲ့သူမှန်းသိရက်နဲ့၊ ပွေရှုပ်တဲ့သူမှန်းသိရက်နဲ့ ရွေးချယ်ပြီးတွဲမိရင်တော့ ကိုယ့်အမှားပါပဲ။ ကြာကြာမြဲမှာမဟုတ်ပါဘူး။