မိန်းကလေးတွေက ကိုယ့်ချစ်သူအပေါ်မှာ စိတ်ဆိုးစိတ်ကောက်တာ ပုံမှန်ဆိုပေမယ့် တချို့အရာတွေဆိုရင်တော့ အရမ်းကိုစိတ်ဆိုးပါတယ်။ မိန်းကလေးတိုင်းပါပဲ။ ဒါကို ရည်းစားရှိတဲ့ ယောင်္ကျားလေးတိုင်း သိထားရအောင်လို့ မိန်းကလေးတိုင်းအရမ်းစိတ်ဆိုးတဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ရည်းစားဟောင်းအကြောင်းပြောတာ

ရည်းစားဟောင်းအကြောင်းပြောတာ၊ ရည်းစားဟောင်းနဲ့ယှဉ်ပြီး ပြောတာမျိုးတွေ၊ ရည်းစားဟောင်းရဲ့ ကောင်းကြောင်းတွေပြောတာမျိုးကို မိန်းကလေးမှမဟုတ်ပါဘူး။ ယောင်္ကျားလေးတွေလည်း မကြိုက်ပါဘူး။ ဒါပေမယ့် မိန်းကလေးတွေက အစထဲက စိတ်ဆိုးစိတ်ကောက်တတ်တဲ့သူမို့ ဒီလိုမျိုးတွေပြောရင် အရမ်းစိတ်ဆိုးကြပါတယ်။

ကတိမတည်တာ

မိန်းကလေးတွေ စိတ်အတိုဆုံးနဲ့ စိတ်အဆိုးဆုံးကတော့ ကတိမတည်တာပါပဲ။ ကတိပေးထားတဲ့အရာကို သူတို့က သေချာမှတ်ထားတတ်ပါတယ်။

အမှန်တိုင်းမပြောတာ

အမှန်တိုင်းမပြောပဲ လိမ်တာကိုလည်း မိန်းကလေးတွေက အရမ်းစိတ်ဆိုးပါတယ်။ ချော့လိုက်လို့စိတ်ပြေသွားရင်တောင်မှ မှတ်ထားတတ်ကြပါတယ်။

သူ့ထက်သူငယ်ချင်းတွေကိုပိုဦးစားပေးတာ

သူ့ထက် သူငယ်ချင်းတွေကို ပိုဦးစားပေးရင်လည်း အရမ်းစိတ်ဆိုးတတ်ကြပါတယ်။ ဒါကတော့ မိန်းကလေးမှမဟုတ်ပါဘူး။ တချို့ယောင်္ကျားလေးတွေတောင် ဖြစ်ပါတယ်။

အခြားမိန်းကလေးနဲ့ရောတာ

ဘယ်လောက်ပဲ သဝန်မတိုတတ်တဲ့ မိန်းကလေးဖြစ်နေပါစေ ကိုယ့်ချစ်သူ အခြားမိန်းကလေးတွေနဲ့ အရမ်းရောတာများလာရင်တော့ အရမ်းစိတ်ဆိုးပါတယ်။ အခန့်မသင့်ရင် ပြဿနာတက်ပြီး ရန်ခဏခဏဖြစ်တာမျိုးတွေ ရှိလာပါလိမ့်မယ်။