အတွဲတွေတော်တော်များများ စတွဲခါစအချိန်မှာ လုပ်မိတတ်ကြတဲ့အမှား ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင် ဒီလိုမလုပ်သင့်တဲ့အမှားတွေကို လုပ်မိတာကြောင့် ပြဿနာတွေဖြစ်ရပြီး အဆင်မပြေကြတာ၊ ပျော်စရာမကောင်းတော့တာမျိုးတွေ ဖြစ်လာပါတယ်။

Control လုပ်ဖို့ကြိုးစားခြင်း

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ချုပ်ချယ်တတ်တဲ့သူက ရည်းစားရပြီဆိုတာနဲ့ သူတို့လိုချင်တဲ့ပုံစံအတိုင်း၊ သူတို့စိတ်ကြိုက်ဖြစ်ဖို့ Control လုပ်ချင်ကြပါတယ်။ Relationship တစ်ခုမှာလည်း ချုပ်ချယ်တာ Control လုပ်တာက တကယ့်ပြဿနာတစ်ခုပါပဲ။ စတွဲခါစမှာထဲက တစ်ဖက်လူကို Control တွေလုပ်ပြီး ချုပ်ချယ်နေမယ်ဆိုရင် တစ်ဖက်လူကလည်း လိမ်ပြီးလုပ်မှာပါပဲ။ ဒီလိုနဲ့ စတွဲခါစမှာထဲက ခဏခဏရန်ဖြစ် စကားများနေရပါလိမ့်မယ်။

Single တုန်းကပတ်သက်ခဲ့သူတွေနဲ့မပြီးပြတ်ခြင်း

ကိုယ်က ရည်းစားရသွားပြီဆိုရင် Single ဘဝတုန်းက ပတ်သက်ခဲ့တဲ့သူတွေနဲ့လည်း မပတ်သက်တော့ပဲ နေရမှာပါ။ ရည်းစားရသွားလည်း ဒီလူတွေနဲ့ ဆက်ပြီး ပတ်သက်နေတာမျိုး၊ ရည်းစားရသွားတာကို ဖုံးကွယ်ထားတာမျိုးတွေက လုံးဝမလုပ်သင့်ပါဘူး။ ကိုယ့်ရဲ့ရည်းစားကို Respect ထားသင့်ပါတယ်။

ဂရုစိုက်မှုမရှိခြင်း

စတွဲခါစမှာ ပိုပြီးတောင်ဂရုစိုက်ပြကြတာပါ။ ဒါပေမယ့် တချို့ကျတော့ စတွဲခါစမှာထဲက ဂရုမစိုက်ပဲ နေတတ်ကြပါတယ်။ ဒီလိုမျိုးတွေကြောင့် တစ်ဖက်လူက ရည်းစားရသွားလည်း ဂရုစိုက်မှု၊ ကြင်နာမှုမရဘူး၊ ငါ့ကိုမချစ်ဘူးလားဆိုတဲ့ အတွေးမျိုးတွေ ဝင်လာပါလိမ့်မယ်။

လိမ်ညာခြင်း

စတွဲခါစမှာထဲက လိမ်ညာပြီး ကိုယ်လုပ်ချင်တာလုပ်နေတာမျိုးတွေက Relationship တစ်ခုကို ပျက်စီးစေနိုင်ပါတယ်။ အတွဲတော်တော်များများက စတွဲခါစမှာ အရာရာအဆင်ပြေပြီး ချစ်နေကြရမှာပါ။ ဒီလိုအချိန်မှာထဲက လိမ်ညာနေမယ်ဆိုရင်တော့ ပျော်စရာကောင်းတော့မှာမဟုတ်ပါဘူး။

စပ်စုလွန်းခြင်း

စတွဲခါစမှာ အရာရာကိုမသိချင်ပါနဲ့။ တစ်ဖက်လူပြောတာကိုပဲ နားထောင်ပေးပါ။ ကိုယ့်ဘက်ကနေ သူမပြောတာတွေကို တစ်ခုမကျန် အရာရာလိုက်မေးပြီး စပ်စုနေတာ၊ အရာရာကိုသိချင်စိတ်တွေများပြီး စစ်မေးနေတာတွေက Respect မရှိရာကျပါတယ်။ ဒီလိုလုပ်တာမျိုးကို ဘယ်သူ့မှလည်း ကြိုက်မှာမဟုတ်ပါဘူး။