မိတ်ကပ်ဖျက်ရခက်တဲ့နေရာတွေပါ ပြောင်ဖို့ Cleansing Oil က အရမ်းအသုံးဝင်ပါတယ်နော်။ သူက ချွေးပေါက်အတွင်းပိုင်းအထိ သန့်စင်ပေးနိုင်တဲ့အပြင် Oil ဖြစ်တာမို့ ရိုးရိုး Makeup Remover တွေထက် အရေပြားအစိုဓာတ်ပိုရစေပါတယ်။ သုံးပြီးတဲ့နောက် Skincare လိမ်းတဲ့အခါမှာလည်း အာနိသင်စိမ့်ဝင်မှု ပိုကောင်းစေမှာပါ။ ဒါပေမယ့် Cleansing Oil က မိတ်ကပ်မပြောင်သလို ဒါမှမဟုတ် အဆီပိုပြန်ပြီး ဝက်ခြံတွေထွက်လာသလို ခံစားရတယ်ဆိုရင်တော့ သတိမထားမိဘဲ သုံးနည်းအလွဲတွေ လုပ်နေမိလား ပြန်ဆန်းစစ်ကြည့်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ပျိုမေတို့ သိထားသင့်တဲ့ Cleansing Oil သုံးနည်းအမှားတွေ အကြောင်းကို မျှဝေပေးလိုက်ပါတယ်။

ရေစိုနေတဲ့ မျက်နှာမှာသုံးတာ


အချို့ Cleanser တွေက မသုံးခင် မျက်နှာရေစွတ်ဖို့ လိုတတ်ပေမယ့် Cleansing Oil ကတော့ ဆန့်ကျင်ဘက်ပါနော်။ မိတ်ကပ်လိမ်းထားတဲ့ မျက်နှာပေါ် တိုက်ရိုက်သုံးပေးမှ သူ့ရဲ့အာနိသင်က ပိုထိရောက်မှာပါ။ ဆီနဲ့ရေက မရောတာမို့ မျက်နှာမှာရေစိုနေရင် မိတ်ကပ်ပြောင်ဖို့ ခက်သွားတတ်ပါတယ်။

Massage မလုပ်ပေးတာ

Photo Source: wildling.com

Cleansing Oil တွေအာနိသင်မရှိရတဲ့နောက်တစ်ချက်က မျက်နှာကို Massage လုပ်ပြီး မသုံးတာကြောင့်ပါ။ အာနိသင်ပြဖို့အတွက် ပုံမှန် Cleanser တွေလိုပဲ အချိန်ယူပြီး မျက်နှာကိုပွတ်ပေးရပါတယ်။ မျက်နှာအနှံ့ကို စက်ဝိုင်းပုံဝိုက်ကာ အနည်းဆုံး စက္ကန့် ၃၀ လောက် ပွတ်ပြီး Massage လုပ်ပေးပါ။ Waterproof ဖြစ်တဲ့ Eyeliner နဲ့ Mascara တွေသုံးထားရင် ဒီလိုနေရာတွေကို အာရုံစိုက်ပြီး ဖြေးဖြေးချင်း Massage လုပ်ကာ ဖျက်ပေးဖို့လိုပါတယ်။

ပြန်ဆေးတဲ့အခါ ရေနွေးနွေး မသုံးတာ


Cleansing Oil လိမ်းပြီး မျက်နှာပြန်သစ်တဲ့အခါ Oil တွေကွာကျအောင် ရေနွေးနွေးနဲ့ သန့်စင်ပေးဖို့လိုပါတယ်။ ရေအေးနဲ့ ရေပူတွေမဖြစ်ရပါဘူး။ ရေအေးသုံးတာက အဆီမပြောင်တာမို့ Oil တွေကျန်ခဲ့ပြီး ဝက်ခြံထွက်လာတတ်ပါတယ်။ ရေအပူသုံးမိရင်လည်း အရေပြားထိပြီး အသားခြောက်သွားတတ်တာမို့ မပူမအေးတဲ့ ရေနွေးနွေးလေးပဲ သုံးပေးပါ။

ပြောင်အောင် ပြန်မသစ်တာ


Cleansing Oil သုံးပြီး အဆီကိုပြောင်အောင် မသစ်မိတဲ့အခါ Breakout တွေထွက်လာတတ်လို့ သေချာပြောင်အောင်ဆေးဖို့ အရေးကြီးပါတယ်။ Double Cleansing နည်း သုံးကြည့်ပါ။ Cleansing Oil သုံးပြီးနောက် Makeup Remover ထပ်သုံးကာ ကျန်နေတဲ့အဆီတွေ ဖယ်ပြီးမှ မျက်နှာသစ်ဆေးနဲ့ သစ်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းက မိတ်ကပ်ထူထူလိမ်းတတ်သူတွေနဲ့ အံကိုက်ပါပဲ။

ကိုယ့် Skin Type နဲ့ မတည့်တာတွေသုံးမိတာ

Photo Source: bespotted.org

Skincare လိုပဲ Cleansing Oil တွေအားလုံးကလည်း Skin Type တိုင်းအတွက် မထိရောက်နိုင်ပါဘူးနော်။ ကိုယ့်အသားအရေနဲ့ အဆင်ပြေမပြေ အရင်စမ်းကြည့်ပြီး အာနိသင်မပြဘူးဆိုရင်တော့ နောက်တစ်မျိုးပြောင်းသုံးတာမျိုး လုပ်ကြည့်ပါ။

Photo Source: Pinterest

By MyStyl Myanmar