ဆံပင်တို ပိုင်ဆိုင်တယ်ဆိုပြီး ဆံပင်ပုံစံအမျိုးမျိုး ပြောင်းလဲလို့ မရဘူးလို့ မထင်လိုက်ပါနဲ့။ ဆံပင်တို ပိုင်ဆိုင်တဲ့ ပျိုမေတွေလည်း ဆံပင်စတိုင်ကို အမျိုးမျိုး ဆန်းသစ်အောင် ဖန်တီးနိုင်ပါတယ်။ ဒီထဲမှာတော့ ဆံပင်တို ဂုတ်ဝဲစတိုင်ကို ဘယ်လိုပုံစံအမျိုးမျိုး ပြောင်းလဲနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ ပျော့ပျော့လေးနဲ့ ဆံပင်တို အဖြောင့်

ဆံပင်တို ပျော့ပျော့လေး ပိုင်ဆိုင်ဖို့ အဓိက လိုတဲ့ အဆင့်ကတော့ ခေါင်းလျှော်တဲ့အချိန်ပါ။ သင့်ဆံပင်ကို Sulfate မပါတဲ့ ရှန်ပူနဲ့ လျှော်ပေးရပါမယ်။ ဆံပင်ဖြောင့်နေဖို့ ဖြောင့်စက်နဲ့ ဖြောင့်နိုင်ပါတယ်။ ဆံပင်တိုအတွက် သင့်တော်တဲ့ ဖြောင့်စက်ကတော့ ဖြောင့်စက် အသေးလေးပါ။

၂။ ရေစိုနေတဲ့ ဆံပင်စတိုင်

ဒီလို ရေစိုနေတဲ့ ဆံပင်တိုစတိုင် Effect ကို လိုချင်ရင်တော့ Hair Gel ကို လိုအပ်ပါတယ်။ သင့်ဆံပင်ကို ခွဲကြောင်း ခွဲကာ Hair Gel လိမ်းပေးရပါမယ်။ ပြီးရင်တော့ ခေါင်းဖြီးချရပါမယ်။

၃။ အကောက် အပြေလေး

ကောက်လွန်းတာမဟုတ်တဲ့ အကောက်အပြေလေးကလည်း ဆံပင်တို ပိုင်ဆိုင်တဲ့ ပျိုမေအများစုနဲ့ လိုက်ဖက်လေ့ရှိပါတယ်။ ဒီအကောက်ပုံစံလိုချင်ရင်တော့ Curling Iron ကို ဒေါင်လိုက်ထားကာ ဒီပေါ်မှာ ဆံပင်ကို ပတ်ပေးရပါမယ်။

၄။ အထာကျကျ ဆံပင်တစ်ဝက် အမြင့်စည်း

ဒီဆံပင်တို အမြင့်စတိုင်လေး ရဖို့က လွယ်ကူပါတယ်။ ဆံပင်ကို တစ်ဝက်စည်းပြီးနောက် အမြင့် စည်းပေးရပါမယ်။ ပြီးရင်တော့ Baby Hair လေးတွေ ထောင်တာကို Hair Gel နဲ့ ပုံသွင်းပေးနိုင်ပါတယ်။

၅။ အောက်ဘက် ကားသွားတဲ့စတိုင်

သင်က ဂန္တဝင်ဆန်ဆန် လှချင်တယ်ဆိုရင် ဒီဆံပင်တိုစတိုင်က သင်နဲ့ သင့်တော်ပါလိမ့်မယ်။ ဒီစတိုင်ကို ရဖို့ Round Brush ကို သုံးပြီး Hair Dryer သုံးတဲ့အချိန် ပုံသွင်းနိုင်ပါတယ်။

Source: Preview.ph

By MyStyle Myanmar