ကိုယ်ဟန်အနေအထားပိုလှလာစေဖို့အတွက် Gym သွားဆော့စရာမလိုပဲ အိမ်မှာပဲ အလွယ်တကူလုပ်နိုင်မယ့် Chest & Triceps Workouts (5) မျိုးကို မျှဝေပေးလိုက်ပါတယ်။ ပုံမှန်လုပ်ပေးသွားရင် သိသာတဲ့ Result နဲ့ ကိုယ်ဟန်အနေအထား ပိုလှလာမှာပါ။

Lying Dumbbell Chest Fly

ယောဂဖျာပေါ်မှာလှဲပြီးတော့ ဒူးထောင်ထားပါ။ အလေးကို လက်နှစ်ဖက်လုံးမှာကိုင်ထားပြီး ဖြေးဖြေးချင်းစီ အပေါ်ကိုမြှောက်ကာ မျက်နှာရှေ့မှာစုလိုက်၊ ဖြေးဖြေးချင်းစီ လက်ပြန်ချလိုက်နဲ့ လုပ်ပေးရမှာဖြစ်ပါတယ်။ အကြိမ် 20, 30 လုပ်ပေးရင် ရပါပြီ။

Overhead Triceps Extension

ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပြီး အလေးကို လက်နှစ်ဖက်နဲ့ ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာကိုင်ပြီး လက်ကိုအပေါ်မြှောက်လိုက်၊ အနောက်ကိုပြန်ချလိုက်နဲ့ ပုံထဲကအတိုင်း လုပ်ပေးပါ။ အကြိမ် 30 လုပ်ပေးရပါမယ်။

Pushup

ပုံမှာလုပ်ပြထားတဲ့အတိုင်း 15 ကြိမ် ဆက်တိုက်လုပ်ပြီး ခဏနား ပြီးရင် နောက်ထပ် 15 ကြိမ် ထပ်လုပ်ပေးရင် ရပါပြီ။

Dumbbell Pullover

ဒီ Workout မှာတော့ ပုံမှာမြှောက်ပြထားတဲ့အတိုင်း ခြေထောက်အနေအထားကို သေချာမှန်အောင် လုပ်ပေးပါ။ ခြေထောက်ကို အဲ့အတိုင်းထားပြီး လက်နှစ်ဖက်နဲ့ ပုံထဲကအတိုင်း အလေးကိုကိုင်ကာ ခေါင်းအနောက်ကိုပို့လိုက်၊ မျက်နှာရှေ့ပြန်သွားလိုက်နဲ့ လုပ်ပေးရပါမယ်။ ဖြေးဖြေးနဲ့မှန်မှန်လုပ်ပေးပါ။ 10 ကြိမ် 15 ကြိမ်လုပ်ပြီး ခဏနား ပြီးရင် နောက်ထပ် 10 ကြိမ် 15 ကြိမ် ထပ်လုပ်ပေးပါ။

Single-Arm Deadbug Press

ဒီ Workout ကလည်း ခြေထောက်အနေအထားကို ခုနကလိုပဲထားရမှာ ဖြစ်ပါတယ်။ သူကတော့ လက်တစ်ဖက်ကိုမြှောက်ထားပြီး နောက်လက်တစ်ဖက်က အလေးကိုကိုင်ကာ အပေါ်မြှောက်လိုက် အောက်ပြန်ချလိုက် လုပ်ရမှာပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ် 15 ကြိမ် လုပ်ပေးရင် ရပါပြီ။