ခင်ဖို့ကောင်းတဲ့သူတွေရဲ့ ကောင်းကွက်တစ်ခုကတော့ သူတို့နားမှာ နေရင်ကို အလိုလို ပျော်စရာကောင်းနေတတ်တာပါ။ ခင်ဖို့ကောင်းတဲ့သူတွေက ပတ်ဝန်းကျင်ကို စိတ်ညစ်စရာတွေ သိပ်မပေးဘဲ သဟဇာတ ဖြစ်အောင် ညှိနှိုင်းကာ ပေါင်းသင်းနေထိုင်တတ်သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ကောင်းကွက် အားသာချက်အချို့ကတော့- သူတို့ဟာ စိတ်ရှည်ပါတယ်။ အကောင်းမြင်စိတ် များပါတယ်​။ ပျော်ပျော်နေတတ်ကာ သဘောကောင်းပြီး ဂရုစိုက် နားလည်တတ်သူတွေ ဖြစ်ခြင်းပါ။ တစ်နေရာရာ သွားရမယ်ဆ်ုလည်း လူတွေက ခင်ဖို့ကောင်းတဲ့သူတွေကို ခေါ်ချင်၊ ပါစေချင်ကြပါတယ်​။ ဒီထဲမှာတော့ ဒီလို ခင်ဖို့ကောင်းတဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားတဲ့ ရာသီခွင်တွေကို ဖော်ပြလိုက်ပါတယ်။ ဒီရာသီခွင်ပိုင်ရှင် အများစုက ခင်ဖို့ကောင်းသူတွေ ဖြစ်နေတတ်ပါတယ်။ သင်က ဒီထဲပါမလား၊ သင့်သူငယ်ချင်းတွေကော ဖော်ပြပါ ရာသီခွင်ထဲ ပါနေမလား ကြည့်လိုက်ရအောင်-

၁။ Sagittarius

Sagittarius ရာသီဖွားတွေက အရာရာမှာ အကောင်းမြင်စိတ်ထားတတ်ပြီး Complaint မများသူတွေ ဖြစ်ပါတယ်။ ပြဿနာတစ်ခုခုပေါ်လာရင် ဒီရာသီဖွားတွေက မငြီးတွားနေဘဲ ဖြေရှင်းနည်းကို ရှာဖွေတတ်ကြပါတယ်။

၂။ Libra

Libra ရာသီဖွားတွေကတော့ တခြားသူတွေကို အကောင်းဘက်က မြင်ပေးတတ်ကြပြီး ပံ့ပိုးကူညီပေးသူတွေ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေအလိုက် ညှိနှိုင်းနေထိုင်တတ်သူတွေ ဖြစ်ပြီး လူတွေကို အားပေးတတ်သူတွေပါ။

၃။ Aquarius

Aquarium တွေကတော့ လူတွေကို ဝေဖန်တတ်သူတွေ မဟုတ်ဘဲ လူတိုင်းကို မေတ္တာနဲ့ ဆက်ဆံတတ်ပါတယ်။ သူတို့က ဘယ်လိုလူမျိုးဆိုတာကို လူတွေထံ အတိအကျ ဖွင့်ချပြတတ်သူတွေ ဖြစ်ပါတယ်။

၄။ Gemini

Gemini တွေရဲ့ ခင်ဖို့ကောင်းတဲ့အချက်တွေထဲက တစ်ခုကတော့ သူတို့က နားထောင်သူ ကောင်းတွေ ဖြစ်ခြင်းပါ။ သူတို့က နားထောင်ရုံသာမက တစ်ယောက်ယောက် အခက်ကြုံလာရင်လည်း ပြေလည်ဖို့ အတတ်နိုင်ဆုံး ကူညီတတ်သူတွေ ဖြစ်ပါတယ်။

၅။ Pisces

လူအများစုက Pisces ရာသီဖွားတွေကို ခင်ဖို့ကောင်းတယ်လို့ သတ်မှတ်ထားကြပါတယ်။ Pisces တွေက သူတို့ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေကို အချိန်ပေးပြီး ဂရုစိုက်တတ်သူတွေ ဖြစ်ပါတယ်။ Pisces တွေက စိတ်ထိခိုက်လွယ်သူတွေ ဖြစ်ပြီး ကိုယ်ချင်းစာစိတ် ပြည့်သူတွေ ဖြစ်ပါတယ်​။ သူတို့က သူတို့ ခင်တဲ့သူတွေနဲ့ နေရမယ်ဆိုရင် ဘယ်လိုပဲ ဖြစ်လာပါစေ ပျော်ပျော်နေတတ်သူတွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar