ညဘက်တွေမှာ အိပ်ပျော်ဖို့ ခက်ခဲနေတဲ့သူတွေနဲ့ ကောင်းကောင်းအိပ်မပျော်တဲ့သူတွေ၊ နောက်ကျမှအိပ်တတ်တဲ့သူတွေအတွက် နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းမွန်စွာအိပ်ပျော်စေဖို့ ကူညီပေးမယ့် အသက်ရှူလေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းတွေဖြစ်လို့ လုပ်ရတာအလွယ်ကူဆုံးတွေပါပဲ။ အိပ်ယာဝင်ခါးနီးမှာလုပ်ပေးရင် ပိုကောင်းပါတယ်။
မျက်စိမှိတ်ပြီး လှဲအိပ်ပါ။ လက်က ဝမ်းဗိုက်ပေါ်တင်ထားပြီး ဝမ်းဗိုက်ကို ပိန်လိုက်၊ ဖောင်းလိုက်နဲ့ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်ပေးရမှာဖြစ်ပါတယ်။ ၅ မိနစ်၊ ၁၀ မိနစ်လောက်သာ လုပ်ပေးပါ။
တရားထိုင်ပါ။ တရားထိုင်နေတဲ့အချိန်မှာ မျက်စိမှိတ်၊ အသက်ကို ရှူသွင်းရှူထုတ် လုပ်ပေးပါ။ တရားမထိုင်ချင်ရင်လည်း တရားထိုင်သလိုပုံစံနဲ့နေပြီး တီးလုံးသံအေးအေးလေးတွေ နားထောင်တာပဲဖြစ်ဖြစ်၊ ဒီတိုင်း မျက်စိမှိတ်ပြီးသာ အသက်ကိုရှူသွင်းရှူထုတ် လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ၅ မိနစ်၊ ၁၀ မိနစ်လောက် လုပ်ပေးရင်ရပါပြီ။
ဒီလေ့ကျင့်ခန်းကျတော့ မျက်စိမှိတ်ပြီး လက်တွေကို ပေါ့ပါးတဲ့အနေအထားနဲ့ထားပါ။ နှာခေါင်းနဲ့ အသက်ကိုရှူသွင်းပြီး ပါးစပ်ကနေပြန်ထုတ်ပါ။ ၅ မိနစ်လောက် လုပ်ပေးရင်ရပါတယ်။
Body scan ဖတ်ရင်နေသလိုမျိုး လက်ကိုဆန့်၊ ခြေထောက်ကိုဆန့်ပြီး မျက်စိမှိတ်ကာ ငြိမ်ငြိမ်လေးနေပါ။ အဲ့လိုအနေအထားနဲ့ အသက်ရှူသွင်းရှူထုတ် လုပ်ပေးပါ။ စိတ်က တခြားဆီမရောက်ပဲ အသက်ရှူလေ့ကျင့်ခန်း လုပ်နေတဲ့ဆီကိုပဲ စိတ်နှစ်ထားပါ။
၁ ကနေ ၁၀ အထိ နံပါတ်တွေကို ရေတွက်ပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးပါ။ တစ်ခါတစ်လေ အိပ်မပျော်ရင် အဲ့လိုရေတွက်နေရင်းနဲ့ပဲ အိပ်ပျော်သွားပါလိမ့်မယ်။ ဒါကြောင့် ဒီလေ့ကျင့်ခန်းက အများကြီးအသုံးဝင်ပါတယ်။
ဒီလေ့ကျင့်ခန်းကတော့ အလွယ်ဆုံးနဲ့ သက်တောင့်သက်သာအဖြစ်ဆုံး ဖြစ်မှာပါ။ အိပ်ယာပေါ်မှာလှဲပြီး ပက်လက်အနေအထားနဲ့ ကိုယ်အဆင်ပြေသလိုနေပါ။ ပြီးရင် မျက်စိမှိတ်ထားပြီး အသက်ကိုပုံမှန်အတိုင်း ရှူသွင်းရှူထုတ် လုပ်ပေးရုံပါပဲ။ ဒီလိုလုပ်နေရင်းနဲ့ပဲ အိပ်ပျော်သွားတာမျိုးလည်း ရှိပါတယ်။
အိပ်မပျော်ရင် ငြိမ်ငြိမ်မနေပဲ ဟိုဘက်လှည့်၊ ဒီဘက်လှည့်လိုက်၊ ဖုန်းထသုံးလိုက်၊ စဉ်းစားလိုက်နဲ့လုပ်နေရင် ပိုဆိုးလာပါလိမ့်မယ်။ တော်ရုံနဲ့ အိပ်မပျော်တော့ပါဘူး။ ဒါကြောင့် အပေါ်မှာပြောခဲ့တဲ့ အသက်ရှူလေ့ကျင့်ခန်းတွေကိုသာ Try ကြည့်ပါ။ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အမြန်ဆုံး အိပ်ပျော်သွားပါလိမ့်မယ်။