မင်္ဂလာပါ ပျိုမေတို့ရေ။ နှစ်သစ်အတွက် ကိုယ့်ကိုယ်ကိုယ် ပုံစံပြောင်းဖို့ တွေးနေတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဆံပင်စတိုင်လေးပြောင်းကြည့်ဖို့ အကြံပေးပါရစေ။ ဆံပင်က လူတစ်ယောက်ရဲ့ဒုတိယမျက်နှာဆိုတဲ့အတိုင်း ဆံပင်ပုံစံပြောင်းလိုက်တာနဲ့ မျက်နှာလေးကို အချိန်တိုအတွင်း သိသိသာသာပြောင်းသွားစေပါတယ်။ သင်ကိုယ်တိုင်လည်း နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြစ်အောင် ဆံပင်ကေပြောင်းမယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆံပင်ကေလေးတွေကို Try ကြည့်နိုင်ပါတယ်နော်။ သာမာန် Hairstyle တွေနဲ့ ကွဲထွက်နေမယ့် အမိုက်စားကေတွေဖြစ်လို့ ကိုယ်နဲ့လိုက်မယ့် Hairstyle တွေပါမလား စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်-
Octopus Haircut
ဒီကေလေးက လတ်တလော လူငယ်ကောင်မလေးအများစုညှပ်ကြတဲ့ Wolf Cut အထပ်ကေနဲ့ ဆင်ပါတယ်။ သူက Wolf Cut လို မျက်နှာဘေးအဝိုက်တစ်ထပ်ညှပ်ပြီး ကျန်တဲ့တစ်ထပ်ကိုတော့ အရှည်အတိုင်းထားရတာမျိုးပါ။ ပုံမှန်ဆံပင်ကေတွေထက် ခေတ်ဆန်ပြီး Cool ဖြစ်တဲ့အပြင် ဆံပင်အထူအပါး၊ မျက်နှာကျမျိုးစုံနဲ့လိုက်တဲ့ Hairstyle လေးလို့ပြောလို့ရပါတယ်။
Blunt-Cut Bob
နှစ်သစ်မှာ အသက်ပိုငယ်ပုံပေါက်ချင်ရင်တော့ ဒီလိုရိုးရိုးရှင်းရှင်း Bob အတိုကေလေး ညှပ်ကြည့်ပါနော်။ ရုပ်ပိုနုသွားစေတဲ့အပြင် အရောင်လေးပါဆိုးပေးမယ်ဆိုရင် အသားဆောင်ပြီး မျက်နှာလေးကို ပိုလင်းစေမှာပါ။
U-Shaped Haircut
မျက်နှာဘေးအဝိုက်ကနေ အထပ်များများညှပ်ပေးရတဲ့ ဆံပင်ကေလေးဖြစ်ပါတယ်။ အထပ်များတဲ့ကေလေးဖြစ်လို့ ဆံပင်ပိုထူသလိုမြင်ရတဲ့အပြင် ပုံသွင်းရလည်းလွယ်ပါတယ်။ ဆံပင်စည်းထားမယ်ဆိုရင်လည်း ရှေ့အထပ်အတိုလေးကို မျက်နှာဘေးချထားလို့ရတာမို့ မျက်နှာကျသွယ်သွယ်လေးပေါ်စေမှာပါ။
Shaggy Haircut
Shaggy ကေလို့ခေါ်တဲ့ မညီတဲ့အထပ်လေးတွေပေါင်းထားသလို ဆံပင်ကေလေးကလည်း ဂျစ်ကန်ကန်စတိုင်နေတတ်တဲ့သူလေးတွေ၊ Streetstyle ဖက်ရှင်ဝတ်တတ်တဲ့ လူငယ်ကောင်မလေးတွေနဲ့ဆို ကွက်တိပါပဲ။ Highlight လေးတွေပါဖောက်ပေးရင် ပိုလှပါတယ်။ ကိုယ့်မျက်နှာကျနဲ့လိုက်ရင်လိုက်သလို အမိုက်စားကေလေးရမှာပါ။
Pixie Mullet
အတို Hairstyle ဖြစ်လို့ အတိုမညှပ်ရဲတဲ့သူတွေဆိုရင်တော့ ဒီကေနဲ့အဆင်မပြေပါဘူး။ သင်က အတိုညှပ်နေကျဆိုရင်တော့ ဒီလိုဆံပင်ကေဆန်းဆန်းလေးကို အသစ်အဆန်းအနေနဲ့ ထားကြည့်ပါ။ ခပ်တိုတိုလေးဖြစ်တာမို့ ဆံပင်အတိုကိုမှ Hairstyle မိုက်မိုက်လေးရှာနေသူတွေ ယောကျာ်းဆန်တဲ့ဖက်ရှင်မျိုး ဝတ်လေ့ရှိတဲ့သူတွေနဲ့လိုက်ဖက်စေမှာပါ။
Photo Source: Pinterest, preview.ph
By MyStyle Myanmar