Blazer နဲ့ ဘောင်းဘီတိုကို စတိုင်လ်ကျကျဝတ်ဖို့ စိတ်ကူးနေပေမယ့် ဘယ်လိုဝတ်ရမလဲဆိုတာ စဉ်းစားရခက်နေတယ်ဆိုရင် မကြောက်ပါနဲ့ ။ စတိုင်လ်ကျတဲ့ ပုံစံတွေနဲ့ ခေတ်စားလာတဲ့ ဘောလိဝုဒ်နာမည်ကြီးတွေနဲ့ သူတို့ရဲ့ စတိုင်လ်ကျတဲ့ ပုံစံတွေကို Inspire ယူနိုင်ဖို့ Idea တချို့ကို ဝေမျှလိုက်ပါတယ်။

Kiara Advani လိုမျိုး ဂျင်းဘောင်းဘီတိုနဲ့ Blazer ကို တွဲဝတ်တာက ပေါ့ပေါ့ပါးပါးသူငယ်ချင်းတွေနဲ့ နေ့လည်စာစားမလား ပွဲတက်မလား နေရာတို်င်းနဲ့ လိုက်ဖက်ပါတယ်။

လေဝင်လေထွက်ကောင်းတဲ့ ချည်သား Blazer နဲ့ ဘောင်းဘီတိုကို Ananya Panday လိုမျိုး တွဲဝတ်တာကလည်း စတိုင်ခပ်မိုက်မိုက်လေး ဖြစ်စေပါတယ်။

ပါတီ ဒါမှမဟုတ် အများကြားမှာ ပေါ်လွင်ချင်ရင်တော့ ဒီလိုမျိုး နီယွန်အရောင်ကို ရွေးဝတ်ပြီး နေကာမျက်မှန်ခပ်ကြီးကြီးတပ်လိုက်ရင် လုံးဝပေါ်လွင်နေမှာ အသေချာပါ။

ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှုရှိတဲ့ Look မျိုးကြိုက်ရင်တော့ Kriti လိုမျိုး ခါးပတ်အင်္ကျီကို အနက်ရောင်၊ မီးခိုးရောင် Blazer နဲ့ ဘောင်းဘီတိုနဲ့ တွဲဝတ်လိုက်ပါ။

ယုံကြည်မှုအပြည့်နဲ့ စတိုင်ကျကျဝတ်ချင်ရင်တော့ အနက်ရောင် Tank Top or T Shirt နဲ့ အနက်ရောင်ဘောင်းဘီတိုကို အပေါ်ကနေ အဖြူရောင် Blazer လေးထပ်ပြီး ဒီလိုမျိုး ခပ်မိုက်မိုက်လေး ဝတ်ကြည့်ပါ။