ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ ပျိုမေတို့ထဲမှာ ရှိရင်းစွဲထက် ရင်သားဆိုဒ်ပိုကြီးချင်ကြတဲ့သူတွေရှိလား။ ရင်သားကြီးဖို့အတွက် ပြုပြင်မှုနဲ့ ဆေးတွေမှီဝဲတာထက် ဘေးထွက်ဆိုးကျိုးမရှိဘဲ သဘာဝအတိုင်း တင်းရင်းဖွံ့ဖြိုးလာစေမယ့် ယောဂကျင့်စဉ်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ အခုပြောပြပေးမယ့် ယောဂကျင့်စဉ်တွေဟာဆိုရင် ရင်သားကြွက်သားတွေကိုတင်းရင်းစေတဲ့အပြင် ရင်သားအဆီနဲ့ တစ်ရှူးဂလင်းတွေကိုပါ တိုးပွားလာစေတာကြောင့်  အချိန်ပေးပြီးပုံမှန်ပြုလုပ်ပေးဖို့ အကြံပြုလိုပါတယ်။

၁။ Cow-Face Pose


ကျောရိုးနဲ့ခါးကိုမတ်မတ်ထားပြီးထိုင်ပါ။ ပြီးနောက် လက်နှစ်ချောင်းကိုနောက်မှာချိတ်ထားရပါမယ်။ ခြေထောက်ကိုလည်း ကြက်ချေခတ်ပုံစံ တစ်ချောင်းပေါ်တစ်ချောင်း ထပ်တင်ထားပေးပါ။ ဒီပုံစံအတိုင်း စက္ကန့် (၃၀) မှ တစ်မိနစ်အထိထိန်းထားပေးရပါမယ်။ ဒီယောဂကျင့်စဉ်ကိုတော့ မနက်ပိုင်းနဲ့ နေ့လည်ပိုင်း အစာနဲ့ဝေးတဲ့အချိန်တွေမှာ ပြုလုပ်နိုင်ပြီး ရင်သားကြွက်သားဖွံ့ဖြိုးစေဖို့နဲ့ ကိုယ်ခန္ဓာပျော့ပြောင်းလာစေဖို့ အထောက်အကူပြုပါလိမ့်မယ်။

၂။ Cobra Pose


ပုံပါအတိုင်း ကိုယ်ခန္ဓာအပေါ်ပိုင်းကို မြွှေဟောက်အမောက်ထောင်နေတဲ့ပုံစံ (၁၅) စက္ကန့်မှ စက္ကန့် (၃၀) အထိ ဆန့်ထုတ်ထားပေးရမှာပါ။ ဒီလိုပုံစံကိုလည်း အစာမစားထားတဲ့အချိန်တွေမှာပြုလုပ်ပေးဖို့လိုပြီး ရင်သားနဲ့ ဝမ်းဗိုက်ကြွက်သားတွေကျစ်လစ်လာစေဖို့ထောက်ပံ့ပေးနိုင်ပါတယ်။

၃။ Bow Pose


ဗိုက်ကို ကြမ်းပြင်နဲ့ထိထားပြီး ခန္ဓာကိုယ်ကိုမှောက်ထားပါ။ ပြီးနောက် လက်နှစ်ဖက်နဲ့ ခြေထောက်ကို နောက်ပြန်ကိုင်ထားပေးရပါမယ်။ ဒီပုံစံအတိုင်း စက္ကန့် (၃၀) ခန့်နေပေးပါ။ Bow Pose က ရင်သားတစ်ဝိုက် သွေးလည်ပတ်မှုကောင်းစေတဲ့အပြင် ဝမ်းဗိုက်ချပ်ရပ်ဖို့နဲ့ ပုခုံးသားကျယ်ပြီးသန်မာစေဖို့ပါကူညီပေးနိုင်ပါတယ်။

၄။ Camel Pose


ပုံပါအတိုင်း Camel Pose ယောဂအနေအထားကို စက္ကန့် (၃၀) မှ တစ်မိနစ်အထိနေပေးပါ။ ဒါက သင့်ရင်သားရဲ့ ကြွက်သားတစ်ရှူးတွေကို အားဖြည့်ပေးနိုင်ပြီး ရင်သားအောက်ပိုင်းတွဲကျခြင်းတွေကိုပါ ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

၅။ Tree Pose


ခြေထောက်တစ်ဖက်ထောက်ထားပြီး နောက်တစ်ဖက်ကိုကွေးထားပါ။ လက်နှစ်ဖက်စုထားပြီး မျက်စိဖွင့်ထားရပါမယ်။ ဒီယောဂကျင့်စဉ်ကိုတော့ မနက်ပိုင်းအချိန်တွေမှာ ခြေထောက်တစ်ဖက်စီအတွက် တစ်မိနစ်စီအလှည့်ကျကွေးပြီး ပြုလုပ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်နဲ့ ရင်သားကြွက်သားတွေကိုပျော့ပြောင်းစေပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်းတိုးစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar