အချိန်အကြာကြီး မတ်တပ်ရပ်ရတဲ့သူတွေနဲ့ ခြေထောက်ညောင်းညာ ကိုက်ခဲနေတဲ့သူတွေအတွက် ခြေဖဝါးနဲ့ ခြေမျက်စိ သန်စွမ်းကျန်းမာစေဖို့ ကူညီပေးမယ့် ယောဂကျင့်စဉ် ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အချိန်ခဏပဲပေးရပြီး လုပ်ရတာလည်း အရမ်းလွယ်တာကြောင့် try ကြည့်သင့်ပါတယ်။

Mountain Pose

ခြေထောက်ကိုဆန့်နေအောင်ရပ်ပြီး လက်နှစ်ဖက်ကိုလည်း ပုံမှာပြထားတဲ့အတိုင်း ဆန့်ထားပါ။ ခန္ဓာကိုယ်ကိုလည်း မတ်မတ်နေပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးပြီး အချိန်ပြည့်ရင် ပုံမှန်အတိုင်း ခဏပြန်နေပြီး အဲ့အတိုင်း စက္ကန့် ၃၀ ထပ်နေပေးပါ။ ၂ ကြော့၊ ၃ ကြော့လောက် လုပ်ပေးရင်ရပါပြီ။

Triangle Pose

ပုံမှာပြထားတဲ့ pose အတိုင်း တစ်ထပ်တည်းတူအောင် နေပေးရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀ ပြည့်အောင်နေပြီးရင် ဘယ်ညာပြောင်းပြီး နောက်ထပ် စက္ကန့် ၃၀ ထပ်နေပါ။ နှစ်ဖက်လုံးပြီးရင် ခဏရပ်ပြီး နောက်တစ်ကြော့စီ ပြန်လုပ်ပေးပါ။

Warrior Pose

ဒါလည်း ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးရမှာပါ။ ခြေထောက်တစ်ဖက်ကွေးထားတာက ၉၀ ဒီဂရီဖြစ်နေရပါမယ်။ အချိန်ပြည့်ရင် နောက်တစ်ဖက်ပြောင်းပြီး စက္ကန့် ၃၀ ထပ်လုပ်ပေးပါ။

Pigeon Pose

ပုံမှာပြထားတဲ့ pose အတိုင်း စက္ကန့် ၃၀ နေရမှာပါ။ နည်းနည်းခက်တဲ့အတွက် စက္ကန့် ၃၀ မနေနိုင်ရင် ၁၅ စက္ကန့်ပဲနေပါ။ ပြီးရင် နောက်တစ်ဖက်ပြောင်းပြီး ၁၅ စက္ကန့် ထပ်နေပါ။ စုစုပေါင်း တစ်ဖက်ကို စက္ကန့် ၆၀ စီ ပြည့်အောင် နေပေးရင်ရပါပြီ။

Camel Pose

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးရပါမယ်။ အချိန်ပြည့်ရင် ပုံမှန်အတိုင်းပြန်နေပြီး နောက်ထပ် စက္ကန့် ၃၀ ထပ်နေပါ။ ဒီယောဂကျင့်စဉ်ကိုလုပ်တဲ့အခါမှာ ပေါင်တံကိုဆန့်ထားပြီး လက်က ခြေဖနောင့်ကို ထိအောင်ကိုင်ထားရမှာ ဖြစ်ပါတယ်။