Relationship တစ်ခု ပြဿနာဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးပြီး မာနတွေထားပြီးနေမယ့်အစား ဖြေရှင်းလိုက်တာက ပိုကောင်းပါတယ်။ ပြဿနာတွေ ပိုကြီးမသွားပဲ အဆင်ပြေသွားစေပါတယ်။ ဒါကြောင့် Relationship ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

စကားပြောပါ

ပြဿနာဖြစ်လာရင် မခေါ်မပြောပဲ စိတ်ဆိုးနေမယ့်အစား ဖြေရှင်းစရာရှိရင် ဖြေရှင်းဖို့အတွက် စကားပြောပါ။ ဖုန်းနဲ့မပြောပဲ အပြင်မှာတွေ့ပြီး မျက်နှာချင်းဆိုင် ဖြေရှင်းတာ ပိုကောင်းပါတယ်။ ဒါဆိုရင် ပြဿနာတွေက ပိုကြီးမသွားပဲ အမြန်ဆုံးတောင် ပြေလည်သွားနိုင်ပါတယ်။

နားထောင်ပါ

ပြောတာကိုနားမထောင်ပဲ ကိုယ်ပြောချင်တာပဲစွတ်ပြောပြီး အော်တာ၊ စိတ်ဆိုးတာ၊ စွပ်စွဲတာတွေ မလုပ်ပါနဲ့။ တစ်ဖက်လူပြောတာကို နားထောင်ပေးလိုက်ပါ။ ပြီးမှ ကိုယ်ပြောချင်တာပြောပါ။ ဖြေရှင်းခွင့်ပေးလိုက်ပါ။

မှားနေရင်တောင်းပန်ပါ

မှားနေရင် ပြန်တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် ပြတ်ဆဲကြမှာလည်းမဟုတ်ပဲ မှားနေရင် တောင်းပန်လိုက်တာက တစ်ဖက်လူအတွက်လည်း စိတ်ကျေနပ်မှု ရစေပါတယ်။

ပြန်ချော့ပါ

ပြန်ချော့ဖို့လည်း မမေ့ပါနဲ့။ ပြန်ချော့ပြီး လက်ဆောင်ပေးတာမျိုးလုပ်ရင် ပိုတောင်စိတ်ကျေနပ်မှု ရစေမှာပါ။ ပျော်ရွှင်မှုလည်းရစေပါတယ်။

ခရီးသွားပါ

တစ်ယောက်နဲ့တစ်ယောက် ပြဿနာတွေဖြစ်ပြီး ရန်ဖြစ်စိတ်ဆိုးကြ၊ စကားများကြတာက အခြေအနေတင်းမာသွားတယ်၊ အခြေအနေ နည်းနည်းဆိုးသွားတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပြန်အဆင်ပြေပြီး အခြေအနေပိုကောင်းလာအောင်၊ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ခရီးသွားလိုက်ပါ။ ပျော်ရွှင်မှုလည်း ရစေပါတယ်။