ကိုယ့်ကို ရက်ရက်စက်စက် ထားခဲ့တဲ့သူကို ဆက်မျှော်လင့်ပြီး ချစ်နေမယ့်အစား မေ့ပစ်လိုက်တာက အကောင်းဆုံးပါ။ မကျေနပ်လို့ လက်စားချေချင်လို့ ဆိုပြီးတော့လည်း ချက်ချင်း တွေ့ရာလူနဲ့ထပ်တွဲပြတာမျိုး၊ ရွဲ့တာမျိုးတွေ မလုပ်ပါနဲ့။ လက်စားချေချင်တယ်ဆိုရင်လည်း အကောင်းဆုံးနည်းလမ်း ၅ ခုရှိပါတယ်။

သူမရှိလို့ဘာမှဖြစ်မသွားဘူးဆိုပြီးနေပြလိုက်ပါ

သူထားသွားလို့၊ သူမရှိတော့လို့ ခံစားနေရရင်တောင်မှ ထုတ်မပြပါနဲ့။ သူမရှိလည်း ကိုယ့်အတွက် ဘာမှမဖြစ်သွားဘူး၊ အေးဆေးပဲဆိုတဲ့ပုံစံနဲ့သာ နေပြလိုက်ပါ။ ကိုယ်ခံစားနေရရင်လည်း ထုတ်မပြပါနဲ့။ သူများတွေ လာပြောလည်း၊ လာမေးလည်း အေးဆေးပဲဆိုတဲ့ပုံစံနဲ့သာ တုံ့ပြန်လိုက်ပါ။

သူနဲ့တွဲတုန်းကထက်ပိုပြီးပျော်ရွှင်တဲ့ပုံစံနဲ့နေပြလိုက်ပါ

သူထားခဲ့လို့ ဝမ်းနည်းပြီးခံစားနေရမယ့်အစား အခုမှပဲ စိတ်ပေါ့ပါးပြီး လွတ်လပ်သွားတယ်၊ စိတ်ချမ်းသာရတယ်၊ ပိုပြီးပျော်ရွှင်နေရတယ်ဆိုတဲ့ ပုံစံနဲ့ နေပြလိုက်ပါ။ တကယ်လည်း ပျော်ရွှင်အောင်နေပါ။ ဒါက အကောင်းဆုံး လက်စားချေနည်းပဲ ဖြစ်မှာပါ။ အရမ်းချစ်ခဲ့တဲ့သူတွေအတွက်တော့ ဒီလိုနေဖို့က နည်းနည်းခက်ခဲပေမယ့် ကြိုးစားပြီးနေကြည့်ပါ။ အချိန်ကကုစားပေးပါလိမ့်မယ်။

အရင်ထက်ပိုလှအောင်နေပါ

သူထားသွားလို့ ဝမ်းနည်းပူဆွေးပြီး မပြင်မဆင်နဲ့ဖြစ်နေရင် နှစ်ခါရှုံးပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်ထက် ပိုပြီးလှလာအောင်နေပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

ကိုယ့်ဘဝကိုပိုတိုးတက်လာအောင်လုပ်ပါ

သူနဲ့တွဲနေတုန်းကထက်ပိုပြီး အောင်မြင်လာအောင် အရင်ထက်ပိုကြိုးစားပြီး ကိုယ့်ဘဝကို ပိုတိုးတက်လာအောင်လုပ်ပါ။ သူမရှိမှပဲ ကိုယ့်ဘဝက အရာရာ ပိုအဆင်ပြေသွားတယ်ဆိုတာမျိုး ပြပါ။ ဒါက ကိုယ့်အတွက်လည်း အကျိုးရှိစေသလို သူကိုလည်း တစ်ခါတည်း လက်စားချေပြီးသား ဖြစ်သွားပါလိမ့်မယ်။

ကိုယ့်အပေါ်အရမ်းချစ်ပြီးကောင်းတဲ့သူနဲ့တွဲပါ

လက်စားချေချင်လို့ ချက်ချင်းတွေ့တဲ့သူ ကောက်တွဲတာမျိုးမလုပ်ပါနဲ့။ ကိုယ့်အပေါ် အရမ်းချစ်ပြီး ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူ၊ သူ့ထက်အများကြီးသာတဲ့ ကောင်းတဲ့သူမျိုး ကိုယ့်ဆီရောက်လာရင် တွဲလိုက်ပါ။ ကိုယ့်အတွက်လည်း ကောင်းသလို၊ သူ့ကိုလည်း လက်စားချေပြီးသား ဖြစ်ပါတယ်။