လူတိုင်းမှာ စိတ်ဖိစီးမှုတွေရှိပါတယ်။ စိတ်ဖိစီးမှုဆိုတာ အမြဲမဖြစ်ပါဘူး။ တစ်ခါတစ်လေမှပါ။ အဓိကက ဒီစိတ်ဖိစီးမှုကို လျော့ကျသွားအောင်လုပ်ဖို့ပါပဲ။ စိတ်ဖိစီးမှုတွေများပြီး ပိုဆိုးလာရင် လူက အလိုလိုစိတ်ဓာတ်တွေပါကျလာတာမျိုး၊ အမြဲတမ်းမပျော်ရွှင်နိုင်တော့တာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေလျော့ကျသွားစေဖို့ ကူညီပေးနိုင်တဲ့ အထိရောက်ဆုံးသောအရာ ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။
ချစ်တဲ့သူနဲ့တွေ့ပါ
ကိုယ်ချစ်တဲ့သူနဲ့တွေ့ရရင် စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးတွေကိုမေ့ပြီး ပျော်နေတတ်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့သူနဲ့တွေ့ပြီး ပျော်အောင်နေပါ။ စိတ်ပေါ့ပါးသွားချင်ရင်တော့ ရင်ဖွင့်ပြီး တိုင်ပင်တာမျိုးတွေ လုပ်ပါ။ အားပေးမှုကိုယူပါ။ ကိုယ့်အတွက် အားတစ်ခုဖြစ်စေပါလိမ့်မယ်။
ကိုယ်ချစ်တဲ့အိမ်မွေးတိရိစ္ဆာန်မွေးပါ
ကိုယ်ချစ်တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေမွေးပြီး သူတို့နဲ့အချိန်ကုန်ဆုံးရတာက စိတ်ပျော်ရွှင်ရစေတယ်။ စိတ်ချမ်းသာရတယ်။ သူတို့လေးတွေ အနားမှာရှိနေရင် စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေ လျော့ကျပြီး ဘာမှထပ်မတွေးမိတော့အောင် ကူညီပေးနိုင်ပါတယ်။
Social media မသုံးပါနဲ့
စိတ်ဖိစီးမှုတွေအဓိကဖြစ်စေတဲ့အထဲမှာ social media ဆိုတာ ထိပ်ဆုံးကပါပါတယ်။ social media သုံးလို့ပဲ စိတ်ညစ်ရတာတွေ၊ စိတ်ဖိစီးမှုတွေက အခြေအနေပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် စိတ်အရမ်းညစ်လာတဲ့အခါ၊ စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာ social media မသုံးပဲ နေလိုက်ပါ။
ခရီးသွားပါ
ခရီးသွားတာက စိတ်ချမ်းသာရတယ်။ စိတ်ပင်ပန်းတာတွေ၊ စိတ်ဖိစီးမှုတွေ အလိုလိုပျောက်သွားစေပြီး စိတ်ကြည်လင်လန်းဆန်းစေတယ်။ စိတ်သစ်လူသစ်ဖြစ်စေပါတယ်။ ဒါကြောင့် အရမ်းကို စိတ်ဖိစီးမှုတွေများနေရင်တော့ ခရီးထွက်လိုက်ပါ။
နေ့တိုင်းတရားထိုင်ပါ
စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်ရတာတွေ ပိုဆိုးမလာအောင် ကိုယ့်စိတ်ကိုသေချာထိန်းနိုင်မှ ရပါမယ်။ ဒါကြောင့် စိတ်တည်ငြိမ်အေးချမ်းအောင် ဘုရားတရားများများလုပ်ပြီး နေ့တိုင်း တရားထိုင်ပေးပါ။ လေကောင်းလေသန့်ရှူပေးပါ။
photo source:www.freepik.com