နှုတ်ခမ်းမဲတာ ညိုတာမျိုးက ဖြစ်တတ်ပါတယ်။ သက်သာအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ဒါကြောင့် နှုတ်ခမ်းမဲနေလို့၊ ညိုနေလို့ဆိုပြီး ကြံဖန်စိတ်ညစ်မနေပါနဲ့။ နှုတ်ခမ်းမဲတာညိုတာတွေ သက်သာစေမယ့် သဘာဝနည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

သံပယိုရည်

သံပယိုရည်က အသားအရေကို Exfoliate လုပ်ပေးမယ့် Natural Bleaching တစ်မျိုးပါပဲ။ သံပယိုသီးကို တစ်ခြမ်းခြမ်းပြီးတော့သာ နှုတ်ခမ်းမှာ ပွတ်ပေးပါ။ မိနစ်အနည်းငယ်လောက် နေ့တိုင်း တစ်နေ့ ၂ ကြိမ်စီ ပွတ်ပေးမယ်ဆိုရင် နှုတ်ခမ်းညိုမဲတာ သက်သာလာမှာပါ။

Rose Water

Rose Water ကို ဂွမ်းတံလေးနဲ့ယူပြီး နှုတ်ခမ်းကို ပွတ်ပေးပါ။ နေ့တိုင်း တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ်လောက်သာ ပွတ်ပေးပါ။ နှုတ်ခမ်းညိုမဲတာ သက်သာပြီး သဘာဝအတိုင်း ပန်းရောင်သန်းနေသလိုလေး ဖြစ်စေပါတယ်။

သလဲသီး

သလဲသီးအစေ့ကို ကြိတ်ပြီး ပျားရည်နဲ့ရောကာ နှုတ်ခမ်းကိုပွတ်ပေးပါ။ မိနစ်အနည်းငယ် ပွတ်ပြီးရင် ရေနဲ့ပြန်သန့်စင်ပြီး Lip Balm (သို့) Lip Mask လိမ်းထားပေးပါ။ နှုတ်ခမ်းညိုမဲတာတွေ သက်သာစေပါတယ်။

သခွားသီးအရည်

သခွားသီးကို အရည်ရအောင်ကြိတ်ပြီး ရလာတဲ့အရည်ကိုမှ ဂွမ်းတံလေးနဲ့ယူပြီး နှုတ်ခမ်းကို ပွတ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းညိုမဲတာ သက်သာပြီး Skin Tone ပိုလင်းလာစေပါတယ်။

ပျားရည်နဲ့သကြား

ပျားရည်နဲ့သကြားကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး နှုတ်ခမ်းကိုပွတ်ကာ Scrub လုပ်ပေးရမှာပါ။ ပြီးရင် ရေနဲ့ပြန်သန့်စင်ပြီး Lip Balm (သို့) Lip Mask လိမ်းထားပါ။ ဒီနည်းလမ်းကိုတော့ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် နှုတ်ခမ်းညိုမဲတာ သက်သာစေပြီး နှုတ်ခမ်းခြောက်တာလည်း သက်သာစေမယ်။ နှုတ်ခမ်းသားလည်း နူးညံ့ချော့မွေ့လာစေပါမယ်။