Relationship anxiety ဆိုတာကလည်း ပြင်းထန်တဲ့အခြေအနေဖြစ်လာရင် စိတ်ခံစားမှုနဲ့ စိတ်ကျန်းမာရေးတင်မဟုတ်ပဲ အချစ်ရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ Anxiety ကြောင့် ပျော်ရွှင်မှုတွေပါ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါကြောင့် relationship anxiety ကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးသော နည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

ပွင့်လင်းပါ

ပွင့်လင်းမှုမရှိပဲ တစ်ယောက်ထဲလျှောက်တွေးပြီး ခံစားမနေပါနဲ့။ Anxiety ဖြစ်ခြင်းတွေ ပိုဆိုးလာပါလိမ့်မယ်။ ဒါကြောင့် တစ်ခုခုဆိုရင် ပွင့်လင်းပါ။ မကျေနပ်တာ၊ မရှင်းတာ၊ သိချင်တာတွေရှိရင် မေးပါ။ နှစ်ယောက်သား ပွင့်ပွင့်လင်းလင်း ပြောဆိုညှိုနှိုင်းတာတွေ လုပ်မယ်ဆိုရင် အဆင်ပြေမှာပါ။

Overthinking ကိုရပ်တန့်ပါ

Anxiety ဖြစ်အောင် တွန်းပို့နေတဲ့ အဓိကပြဿနာကတော့ overthinking ပါပဲ။ Overthinking ဖြစ်တဲ့သူက လက်တွေ့မှာဖြစ်နေတာထက်ကို သူ့အတွေးထဲမှာဖြစ်နေတာက အခြေအနေပိုဆိုးပါတယ်။ ဒါကြောင့် overthinking ဖြစ်ခြင်းတွေကို ရပ်တန့်ပစ်ဖို့လိုပါတယ်။

Partner ကိုယုံကြည်ပါ

မယုံကြည်ရင် လက်မတွဲတာကောင်းပါတယ်။ ကိုယ့် partner က ဘာမှမလုပ်ပဲနဲ့ကို သံသယတွေများပြီး မယုံကြည်တာမျိုးဆိုရင်တော့ ကိုယ့်အလွန်ဖြစ်သွားပါပြီ။ ဒီလိုမယုံကြည်မှုတွေကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေက လမ်းခွဲရတဲ့အဆင့်အထိ ရောက်သွားနိုင်ပါတယ်။ ယုံကြည်ခြင်းမခံရတဲ့ partner ကလည်း မွန်းကြပ်ပြီး စိတ်ညစ်လာသလို ကိုယ်တိုင်လည်း စိတ်ဆင်းရဲပြီး anxiety တွေပိုဖြစ်လာရပါတယ်။

စိတ်ခံစားလွယ်တာကိုပြင်ပါ

တစ်ခုခုဆို စိတ်ခံစားလွယ်ပြီး ဘာမဟုတ်တာလေးကအစ ဝမ်းနည်းတာ၊ စိတ်ထဲအရမ်းထည့်ပြီး တွေးနေတာ၊ ခံစားနေတာတွေက ကိုယ့်စိတ်ကို ပင်ပန်းအောင်လုပ်နေတာနဲ့ တူတူပါပဲ။ ဒီလိုမျိုးတွေကြောင့် ကြာလေ anxiety ဖြစ်မှုတွေက ပိုးဆိုးလာလေပါပဲ။ ဒါကြောင့် စိတ်ခံစားလွယ်တဲ့အကျင့်ကိုလည်း ပြင်ကြည့်ပါ။

အရာအားလုံးကို Control မလုပ်နိုင်တာလက်ခံပါ

အရာရာကို control လုပ်ချင်နေတဲ့စိတ်ကြောင့်လည်း relationship နဲ့ပတ်သက်လာရင် နှစ်ယောက်လုံးအတွက် စိတ်ပင်ပန်းရပါတယ်။ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းတွေ ဖြစ်မလာရင် ငါ့ကိုမချစ်လို့လားဆိုတဲ့ အတွေးတွေဝင်ပြီး anxiety ဖြစ်လာတာပါပဲ။ ဒါကြောင့် အရာအားလုံးကို control မလုပ်နိုင်ဘူးဆိုတာကိုလည်း လက်ခံဖို့လိုပါတယ်။