Sunscreen က နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးမှာ လိမ်းပေးဖို့လိုပေမယ့် နွေရာသီမှာဆို ပိုအရေးကြီးပါတယ်နော်။ အသားအရေမပျက်စီး၊ မထိခိုက်အောင်၊ အရေးအကြောင်းတွေ မြန်မြန်မဖြစ်အောင်၊ တင်းတိတ်တွေမထွက်အောင် Sunscreen ကို အမြဲလိမ်းပေးဖို့လိုပါတယ်။ ဒါကြောင့် အခုလိုပူပြင်းတဲ့ နွေရာသီအတွက် အကောင်းဆုံးဖြစ်မယ့် Sunscreen (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Neutrogena Beach Defense Sunscreen Stick

SPF 50 ဖြစ်လို့ နေရောင်ခြည်ကို ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ်။ လိမ်းလိုက်ရင်လည်း အသားထဲစိမ့်ဝင်တာ အရမ်းမြန်ပါတယ်။ ပူပြင်းတဲ့နွေရာသီနဲ့ ကမ်းခြေသွားမယ့်သူတွေအတွက်တော့ အကောင်းဆုံးနဲ့ အသင့်တော်ဆုံးပါပဲ။

Dermalogica Prisma Protect SPF 30

Dermalogica ကတော့ နာမည်ကြီးမို့လို့ အထူးပြောနေစရာမလိုပါဘူး။ Sensitive Skin သမားတွေနဲ့တောင် အဆင်ပြေပြီး သုံးလို့အရမ်းကောင်းတဲ့ Sunscreen ပါ။

Activated Sun Protector Sunscreen SPF 50

Kiehl’s ရဲ့ Sunscreen ဆိုတော့ နာမည်ကြီးပြီး သုံးလို့လည်း အရမ်းကောင်းပါတယ်။ SPF 50 ဖြစ်ပြီး လူကြိုက်များတဲ့ Sunscreen ပါ။ နွေရာသီနဲ့လည်း အရမ်းအဆင်ပြေပါတယ်။

Botanical Sunscreen Mineral Lotion

နွေရာသီနဲ့အဆင်ပြေပြီး သုံးလို့ကောင်းတဲ့ Sunscreen ပါ။

Mineral Moisture Defense SPF 50

နွေရာသီအတွက်ကတော့ SPF 50 က အကောင်းဆုံးပါပဲ။ ဒီ Sunscreen ကလည်း နွေရာသီအတွက် အရမ်းကောင်းတဲ့ Sunscreen ပါ။