မိန်းကလေးတွေအတွက် နွေရာသီနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ ဖက်ရှင်ကာလာ ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အဖြူရောင်

နွေရာသီနဲ့အလိုက်ဖက်ဆုံး ဖက်ရှင်ကာလာဆိုရင်တော့ နံပါတ်တစ်အနေနဲ့ အဖြူရောင်ကိုပဲ ပြေးမြင်ကြမှာပါ။ အဖြူရောင်က အပူဒဏ်သက်သာစေလို့ နွေရာသီအတွက်တော့ အကောင်းဆုံးပါပဲ။ ကြည့်ရတာလည်း မျက်စိရှင်းစေပါတယ်။

ပန်းနုရောင်

ပန်းရောင်မှာမှာ ပန်းနုရောင်က နွေရာသီနဲ့လိုက်ပါတယ်။ အဓိကကတော့ နွေရာသီအတွက် အရောင်နုနုလေးတွေက ပိုပြီးလိုက်ပါတယ်။ မိန်းကလေးဆန်တဲ့ cute type လေးပေါ့။

အစိမ်းရောင်

အစိမ်းရောင်ကတော့ နွေရာသီအတွက် မျက်စိအေးစေပါတယ်။ အစိမ်းရောင်ကိုမှ အရောင်ရင့်တာထက် အရောင်နုတာမျိုးလေးက ပိုပြီးငြိမ်ပါတယ်။ အစိမ်းရောင်တောက်တောက်ကြီးဆိုလည်း အဆင်မပြေပါဘူး။

မိုးပြာရောင်

မိုးပြာရောင်က နွေရာသီမှာထင်းပြီး လှနေစေပါတယ်။ နွေရာသီနဲ့ကောင်းကင်ပုံစံနဲ့ အရမ်းလိုက်ဖက်ပါတယ်။ အထူးသဖြင့် ရှပ်အင်္ကျီလေးတွေ၊ ချည်သားလေးတွေ၊ ဂါဝန်တွေဝတ်မယ်ဆိုရင် မိုးပြာရောင်ကိုသာ ရွေးချယ်ပါ။

ကာကီရောင်

ကာကီရောင်ကျတော့ အရောင်ငြိမ်တဲ့အတွက် မျက်စိရှင်းပြီး ကြည့်ရတာ ပေါ့ပါးတဲ့ပုံစံလေး ဖြစ်နေစေပါတယ်။ အသားလည်းဆောင်ပြီး ဘိုဆန်တာကြောင့် အရောင်မှိန်တာတွေကြိုက်ရင် နွေရာသီမှာ ကာကီရောင်ကိုသာ ရွေးဝတ်ပါ။

နွေရာသီမှာ အရောင်ပုပ်တာ၊ ရင့်တာတွေက ပူသလိုမျိုး ခံစားရစေပါတယ်။ အနက်တို့၊ နက်ပြာတို့ကတော့ ရှောင်သင့်တဲ့အရောင်တွေပါ။ ပန်းစည်ရောင်၊ အနီရောင်တို့လို အရောင်တောက်တာတွေကျတော့ နွေရာသီမှာ နေအရမ်းပူတာနဲ့ မျက်စိစူးစေတဲ့အရောင်မျိုးတွေ ဖြစ်ပါတယ်။