ကျန်းမာပျော်ရွှင်စွာနဲ့ နေထိုင်နိုင်ဖို့ဆိုတာ ကိုယ့်အပေါ်မှာပဲ အများကြီး မူတည်ပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးသော အလေ့အကျင့် ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Healthy Diet

ကျန်းမာပြီး သင့်တင့်မျှတတဲ့ အစားအသောက်တွေကို စားသောက်ဖို့ healthy diet ဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါမှ မလိုလားအပ်တဲ့ ရောဂါတွေ အလွယ်တကူမဝင်ရောက်နိုင်မှာပါ။ ခန္ဓာကိုယ်က ကျန်းမာပြီး အားရှိနေမှလည်း အရာရာကို ခံနိုင်ရည်ရှိပါမယ်။ မနက်နိုးလာရင် မနက်စာစားဖို့ လုံးဝမမေ့ပါနဲ့။ မနက်စာကို အာဟာရရှိတာစားပါ။ အစားအသောက်ကို အချိန်နဲ့စားပါ။ အဆီအစိမ့်တွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို တရားလွန်စားသောက်တာမျိုးတွေ ရှောင်ရပါမယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းကို သေချာ plan ချပြီး ပုံမှန်လုပ်ပေးမယ်ဆိုရင် ကျန်းမာပြီး ခန္ဓာကိုယ်လည်း လှလာမယ်။ ဝိတ်ကျချတဲ့သူဆိုလည်း ဝိတ်ကျလာမယ်၊ စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းမှုလည်း ရှိပါမယ်။

ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့အတွက် မသောက်တာ အကောင်းဆုံးပါ။ ကျန်းမာရေးမကောင်းရင် ပိုက်ဆံရှိရင်တောင် အပြည့်အဝမပျော်ရွှင်ရပါဘူး။

အရက်ကို Limit နဲ့သောက်ပါ

အရက်ကတော့ လူ ၁၀၀ မှာ ၈၀ လောက်သောက်တဲ့အတွက် လုံးဝမသောက်ပါနဲ့လို့ သတ်မှတ်ဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အရက်ကို အလွန်အကျွံမသောက်ပဲ ကိုယ့် limit နဲ့သောက်မယ်ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းပါပဲ။

Overthinking မဖြစ်ပါနဲ့

Overthinking ဖြစ်တဲ့သူက ပျော်စရာရှိနေရင်တောင် အပြည့်အဝမပျော်ရပါဘူး။ ကိုယ့်အတွေးနဲ့ ကိုယ့်ကိုယ်ကိုပြန်နှိပ်စက်ပြီး အမြဲတမ်း စိုးရိမ်ပူပန်နေရမယ်၊ စိတ်ပင်ပန်းနေရပါမယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်ဖို့အတွက် overthinking မဖြစ်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။