မျက်နှာမှာ အမဲစက်တွေနဲ့ ဝက်ခြံထွက်ပြီးကျန်ခဲ့တဲ့ အမာရွတ်တွေလည်းရှိတယ်၊ မျက်နှာအသားအရေကလည်း ညစ်နေတယ်ဆိုတဲ့သူတွေအတွက် အမဲစက်၊ အမာရွတ်တွေပျောက်ပြီး brightening skin လေးဖြစ်လာစေမယ့် အကောင်းဆုံး serum 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။
Caudalie Vinoperfect – Radiance Serum Complexion Correcting
ဒီ serum က No. 1 serum in French ပါပဲ။ အမဲစက်တွေ သိသိသာသာကို ပါးပြီး ပျောက်သွားစေတဲ့အပြင် မျက်နှာလေးကြည်ပြီး brightening skin ဖြစ်လာစေပါတယ်။ All skin type သုံးလို့ရပြီး sensitive skin တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေပါ သုံးလို့ရတဲ့ serum ဖြစ်ပါတယ်။
La Roche-Posay Pigmentclar Serum
အမဲစက်တွေလျော့ပါးသွားစေပြီး အသားအရေပိုကောင်းလာစေပါတယ်။ အသားအရေ ညစ်နေတာတွေ သက်သာပြီး အသားအရေ bright ဖြစ်လာစေပါတယ်။
Kiehl’s Clearly Corrective™ Dark Spot Solution
အမဲစက်၊ အမာရွတ်တွေ ပျောက်စေပြီး အသားအရေကိုလည်း hydration ကောင်းကောင်းပေးနိုင်လို့ အသားအရေသိသိသာသာကို ကြည်ပြီး ကောင်းလာစေတယ်။ Skin brightening ဖြစ်လာစေတယ်။ ဒါ့အပြင် parabens, silicone, fragrance, colourants တွေမပါလို့ sensitive skin တွေကအစ စိတ်ချလက်ချသုံးလို့ရပါတယ်။
Olay White Radiance Niacinamide + Vitamin C Super Serum
ဒီ serum ကျတော့ အမဲစက်၊ အမာရွတ်တွေ သိသိသာသာ လျော့ပါးလာရုံတင်မဟုတ်ပဲ inflammation နဲ့ redness တွေလည်း လျော့ပါးလာစေပါတယ်။ ဒါ့အပြင် အသားအရေသိသိသာသာကို ကြည်ပြီး healthy glow ဖြစ်လာစေပါတယ်။
Goodal Green Tangerine Dark Spot Serum
ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတင် အမဲစက်၊ အမာရွတ်တွေပါးသွားပြီး အသားကြည်လာတာ၊ အသားအရေ bright ဖြစ်လာတာ သိသာစေပါတယ်။ အသားအရေအတွင်းပိုင်းအထိ deep hydration ပေးနိုင်တာကြောင့် အသားအရေအတွက် အရမ်းကောင်းပါတယ်။ Korea brand ပဲသုံးချင်တာဆိုရင် ဒါလေးကိုသာ ရွေးသုံးပါ။