အဆီပြန်တဲ့သူတွေက မိတ်ကပ်လိမ်းရင် Full Coverage ရတာမျိုးကို ရွေးသင့်ပါတယ်။ ဒါမှ မိတ်ကပ်သားက ကြာရှည်ခံပြီး အဆင်ပြေမှာပါ။ ဒါကြောင့် လိမ်းထားရင် Full Coverage အပြည့်အဝရပြီး Sephora မှာလည်း Bestseller ဖြစ်နေတဲ့ Foundation 5 မျိုးကို ရွေးချယ်ပြီးဖော်ပြပေးလိုက်ပါတယ်။

Pro Filt’r Soft Matte Longwear Liquid Foundation

FENTY BEAUTY by Rihanna ရဲ့ Pro Filt’r Soft Matte Longwear Liquid Foundation ကတော့ လိမ်းထားရင် မိတ်ကပ်သား အရမ်းကိုကြာရှည်ခံပါတယ်။ Matte finish ဖြစ်ပြီး ရွေးချယ်စရာ Shades တွေလည်း အများကြီးရှိပါတယ်။ အဆီပြန်တဲ့ Oily skin, Combination skin တွေအပြင် Normal skin တွေပါ သုံးလို့ရပါတယ်။ ဒါ့အပြင် Allure Best of Beauty award winner ရထားတဲ့ Foundation ဖြစ်ပါတယ်။

Double Wear Stay-in-Place Foundation

Estée Lauder ရဲ့ Double Wear Stay-in-Place Foundation ကလည်း မိတ်ကပ်သားကြာရှည်ခံပြီး ရွေးချယ်စရာ Shades တွေ အများကြီးပါ။ သူက Matte finish ပေမယ့် လိမ်းထားရင် Natural ဆန်ပြီး ကြည်ကြည်ပြောင်ပြောင်လေး ဖြစ်နေစေပါတယ်။ ဒါ့အပြင် Oil free, Fragrance free ဖြစ်လို့ အဆီပြန်ပြီး ဝက်ခြံပေါက်တဲ့သူတွေပါ သုံးလို့အဆင်ပြေပါတယ်။ Allure Best of Beauty award winner ရထားတဲ့ Foundation လည်း ဖြစ်ပါတယ်။

Airbrush Flawless Longwear Foundation

Charlotte Tilbury ရဲ့ Airbrush Flawless Longwear Foundation ကလည်း Matte finish ပါပဲ။ မိတ်ကပ်သားကြာရှည်ခံပြီး မျက်နှာပေါ်မှာရှိတဲ့ အပြစ်အနာအဆာတွေကို သေချာဖုံးပေးနိုင်ပါတယ်။ အဆီပြန်တာကိုထိန်းပေးပြီး Waterproof, Sweat proof လည်းဖြစ်လို့ အခုနောက်ပိုင်းမှာ အရမ်းလူကြိုက်များနေတဲ့ Foundation ပါ။ Dry skin ကလွဲလို့ ကျန်တဲ့ Skin types အားလုံး သုံးလို့ရပါတယ်။

Soft Matte Complete Foundation

NARS ရဲ့ Soft Matte Complete Foundation ဆိုလည်း Matte finish ဖြစ်ပြီး လိမ်းထားရင် မိတ်ကပ်သား ကြာရှည်ခံပါတယ်။ အဆီပြန်တဲ့ Oily skin, Combination skin, Normal skin တွေ သုံးလို့ရပါတယ်။ ဒါ့အပြင် ဝက်ခြံသမားတွေပါ သုံးလို့ရတဲ့ Foundation ဖြစ်ပါတယ်။

Teint Idole Ultra 24H Long Wear Matte Foundation

Lancôme ရဲ့ Teint Idole Ultra 24H Long Wear Matte Foundation ကျတော့ Natural matte finish ဖြစ်ပါတယ်။ လိမ်းထားရင် အသားအရေကချောမွေ့ပြီး Lightweight ဖြစ်စေပါတယ်။ မိတ်ကပ်သား တစ်နေကုန်ကြာရှည်ခံပြီး Oxidizing ဖြစ်သွားတာမျိုးလည်း မရှိပါဘူး။ အဆီပြန်တဲ့ Oily skin, Combination skin, Normal skin တွေအပြင် Sensitive skin တွေပါ သုံးလို့ရတဲ့ Foundation ဖြစ်ပါတယ်။