အဆီပြန်တဲ့အသားအရေ အမျိုးအစားဟာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ အဖြစ်များလေ့ရှိပြီး သင်က မိတ်ကပ်လိမ်းရတာ ကြိုက်သူဆိုရင်တော့ အင်မတန်ကို ကိုင်တွယ်ရခက်ခဲတဲ့ အသားအရေပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ အရည်အသွေးကောင်းတဲ့မိတ်ကပ်ကို ပြီးပြည့်စုံအောင်လိမ်းထားပါစေ၊ နေ့တဝက်ရောက်ပြီဆိုတာနဲ့ မျက်နှာပေါ်မှာ အဆီပြောင်ပြောင်တွေက တဖြည်းဖြည်းပေါ်လာတတ်ပါတယ်။ ဒီလိုမျိုး အားနည်းချက်တွေရှိတတ်တဲ့ အဆီပြန်တဲ့အသားအရေတွေရဲ့ အားသာချက်ကတော့ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေထက် အများကြီးနောက်ကျပြီးတော့ မျက်နှာအရေးအကြောင်းတွေပေါ်တာ နောက်ကျတတ်ပါတယ်။

အဆီပြန်တဲ့အသားအရေအတွက် ဘာကြောင့် Primer လိုအပ်တာလဲ

အသားအရေကနေ ထွက်လာတဲ့အဆီတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပမာဏများလာတဲ့အခါ ချွေးပေါက်တွေကိုကျယ်လာစေပြီး ပိုပိုပြီးတော့သိသာလာစေပါတယ်။ အကယ်လို့သင်က အဆီပြန်တဲ့အသားအရေရှိတယ်ဆိုရင်တော့ တစ်နေကုန်မိတ်ကပ်သားခံစေဖို့အတွက် မိတ်ကပ်ဖောင်ဒေးရှင်းမလိမ်းခင် အသားအရေကို ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။

#1 Maybelline Baby Skin Primer

အတော်အသင့်ဈေးသက်သာပြီး ဝယ်ရတာလည်းလွယ်ကူတဲ့ Maybelline ရဲ့ Baby Skin Primer က ကျယ်နေတဲ့ချွေးပေါက်တွေကို အချိန်ကြာကြာ ဖုံးကွယ်ပေးထားနိုင်ပါတယ်။ ဈေးသက်သာတယ်၊ သယ်ရတာလည်းလွယ်ကူပြီး နေ့စဥ်လှုပ်ရှားသွားလာနေရသူများ အသုံးပြုဖို့အတွက် အဆင်ပြေတဲ့အမျိုးအစားလေးဖြစ်ပါတယ်။

#2 MAC Prep+Prime+Mattifying Mist

MAC ကထုတ်တဲ့ Mattifying Mist က အသုံးပြုရတာပေါ့ပါးပြီး လန်းဆန်းမှုရှိတဲ့အတွက်ကြောင့် Primer အနေနဲ့ရော Setting Spray အဖြစ်ပါ နှစ်မျိုးအသုံးပြုနိုင်ပါတယ်။ ချွေးပေါက်တွေကိုသက်သာစေကာ အသားအရေပေါ်က အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးနိုင်ပါတယ်။

#3 Yves Saint Laurent Touche Éclat Blur Primer

မိတ်ကပ်အသားထူတာမျိုးတွေကို မကြိုက်သူများအနေနဲ့ Yves Saint Laurent ရဲ့ Touche Éclat Blur Primer က ပေါ့ပါးတဲ့ခံစားမှုကိုပေးစွမ်းပါလိမ့်မယ်။ မညီညာတဲ့အသားအရေကို ညှိပေးပြီးတော့ ကျယ်နေတဲ့ချွေးပေါက်တွေကိုလည်း ဖုံးကွယ်ပေးကာ ချောမွတ်စေတာကြောင့် မိတ်ကပ်သားကိုပိုပြီး ကြာကြာခံစေပါတယ်။

#4 NYX Professional Makeup Honey Dew Me Up

NYX Professional Makeup Honey Dew Me Up က ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်များကို ပိုပြီးဦးတည်ပြီး ထုတ်လုပ်တယ်ဆိုပေမယ့်လည်း အသားအရေကို ပြောင်ပြောင်ကြီးနဲ့ အဆီပြန်သလိုကြီးမဖြစ်စေတာကြောင့် အဆီပြန်တဲ့အသားအရေပိုင်ရှင်များလည်း အသုံးပြုနိုင်ပါတယ်။ အထဲမှာပါဝင်တဲ့ ရွှေရောင်လက်လက်လေးတွေက ကျန်းမာစိုပြေတဲ့ အသားအရေအသွင်ကို ပေးစွမ်းနိုင်ပြီး မျက်နှာနီရဲခြင်းကိုလည်း ပျောက်စေပါတယ်။

#5 e.l.f Beautifully Bare Luminous Matte Primer

အသားအရေကို အစိုဓာတ်ဖြည့်တင်းပေး၍ မိတ်ကပ်ကိုကြာကြာခံစေကာ ချောမွေ့ပြီးအပြစ်အနာအဆာကင်းစင်တဲ့ အသွင်အပြင်ကို ရရှိစေတာကြောင့် ဒီ Primer လေးတစ်ခုကို ရှိထားရုံနဲ့ ကိုယ့်ရဲ့အသားအရေက အများကြီးပြောင်းလဲသွားတာကို မြင်တွေ့ရမှာပါ။