မိတ်ကပ်လိမ်းထားရင် မိတ်ကပ်ကွက်သွားပြီး ကြာရှည်မခံတာ၊ အချိန်ကြာရင်မဲသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာတွေက primer မလိမ်းလို့ပါပဲ။ အောက်ခံမိတ်ကပ် foundation မလိမ်းခင်မှာ primer ခံလိမ်းမယ်ဆိုရင်တော့ မိတ်ကပ်သားလည်းပိုလှမယ်၊ အချိန်ကြာလည်း ကွက်ပြီးမဲသွားတာမျိုး မဖြစ်စေပါဘူး။ ဒီတစ်ခါမှာတော့ အဆီပြန်တဲ့ Oily Skin သမားတွေအတွက် အကောင်းဆုံးဖြစ်တဲ့ Primer (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။
The Ordinary High-Adherence Silicone Primer
အဆီပြန်တဲ့ oily skin သမားတွေအတွက် highly recommend လုပ်ကြတာကတော့ The Ordinary ရဲ့ High-Adherence Silicone Primer ပါပဲ။ ချွေးပေါက်ကျယ်နေတာတွေကိုလည်းဖုံးပေးပြီး လိမ်းထားလိုက်ရင် အသားအရေက smooth ဖြစ်သွားစေပါတယ်။ Silicone နဲ့မတည့်တဲ့သူ၊ Silicone ပါတာမသုံးချင်တဲ့သူတွေကတော့ ဒါကိုရှောင်ပါ။
Fenty Pro Filt’r Mattifying Primer
အဆီပြန်တဲ့ oily skin သမားတွေအတွက် Fenty Pro Filt’r Mattifying Primer လေးကလည်း ကောင်းပါတယ်။ အဓိက T-zone အဆီပြန်တဲ့သူ၊ နှာခေါင်းနဲ့ မေးစိမှာ ချွေးအရမ်းထွက်တဲ့သူ၊ အဆီအရမ်းပြန်တဲ့သူတွေအတွက် အရမ်းကောင်းပါတယ်။
Smashbox Photo Finish Oil and Shine Control Primer
Smashbox ရဲ့ Photo Finish Oil and Shine Control Primer ကျတော့ hazel နဲ့ salicylic acid ပါလို့ အဆီပြန်တဲ့ oily skin တင်မဟုတ်ပဲ ဝက်ခြံထွက်တဲ့အသားအရေပိုင်ရှင်တွေပါ သုံးလို့အဆင်ပြေပါတယ်။
Laura Mercier Pure Canvas Blurring Primer
အဆီပြန်တဲ့ oily skin တွေအနေနဲ့ oil free , silicone-free ဖြစ်တာမျိုးသုံးချင်တယ်ဆိုရင်တော့ Laura Mercier Pure Canvas Blurring Primer ကိုသာသုံးပါ။ မိတ်ကပ်သားလည်းကြာရှည်ခံပြီး skin smooth ဖြစ်သွားစေပါတယ်။
Bobbi Brown Primer Plus Mattifier
အဆီပြန်တဲ့ oily skin တင်မဟုတ်ပဲ t-zone ပဲအဆီပြန်တဲ့သူတွေနဲ့ combination skin တွေပါ စိတ်ချလက်ချသုံးလို့ရတဲ့ primer အကောင်းစားမျိုး လိုချင်ရင်တော့ Bobbi Brown Primer Plus Mattifier ကိုသာသုံးပါ။
source:www.harpersbazaar.com