အခုလို ( ၈ ) လပိုင်းက မြန်မာပြည်မှာဆို မိုးတွင်းကာလ မိုးရေတွေ စိုစိုစွတ်စွတ်နဲ့မလို့ အများစုက ခရီးသွားတာကို ရှောင်တတ်ကြပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေမှာတော့ အခုလိုကာလက ခရီးသွားလို့ကောင်းတဲ့လ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သင်က နိုင်ငံခြားကို ခရီးသွားဖို့ အတွေးရှိတယ် စီစဉ်နေတယ်ဆိုရင် သြဂုတ်လမှာ သွားရောက်လည်ပတ်နိုင်ဖို့အတွက် အကောင်းဆုံးနေရာများကို စာရင်းပြုစုပြီး ဝေမျှပေးလိုက်ပါတယ်။

1. Kenya

အာဖရိကရဲ့ နှလုံးသား ရှင်သန်ရာ နေရာတစ်ခုဖြစ်တဲ့ ကင်ညာက သဘာဝရဲ့ ရင်သပ်ရှုမောဖွယ်ရာအတွေ့အကြုံတွေကို ခံစားရစေမှာပါ။ ကြီးကျယ်ခမ်းနားတဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေ ၊ Maasai နဲ့ Samburu မျိုးနွယ်စုများရဲ့ နေထိုင်မှုပုံစံ၊ အနုပညာ၊ အကနဲ့ ရှေးထုံးတမ်းများမှတဆင့် ကင်ညာရဲ့ ရိုးရာဓလေ့အားလုံးကို လေ့လာနိုင်ပါတယ်။ ကင်ညာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးအချိန်က ဇူလိုင်လကနေ အောက်တိုဘာလအတွင်းပါ။

2. Comporta, Portugal

လစ္စဘွန်းမြို့ကနေ တစ်နာရီလောက်မောင်းရတဲ့ Comporta က လတ်ဆက်တဲ့ လေညင်းလေးတွေနဲ့ အတူ သဲနုနုထဲ ငုပ်လျှိုးနေတဲ့ Praia da Comporta တို့လို့ကျယ်ပြန့်တဲ့ကမ်းခြေတွေကို တွေ့ကြုံခံစားရမှာပါ။ဒီဇိုင်နာနဲ့ အနုပညာရှင်များရဲ့ အနှစ်သက်ဆုံး ခိုအောင်းရာနေရာဖြစ်သလို သွားလာရလွယ်ကူပြီး သဘာဝအလှတစ်ခုဖြစ်တဲ့ Comporta ကို သွားမယ်ဆိုရင်တော့ အကောင်းဆုံးအချိန်က ဇွန်လကနေ စက်တင်ဘာလအထိပါ။

3. Mount Fuji, Japan

ဂျပန်နိုင်ငံရဲ့ သင်္ကေတတစ်ခုအဖြစ် ရပ်တည်နေပြီး နှင်းဖုံးနေတဲ့ ဖူဂျီတောင်ကို အပေါ်ကနေ ပထမဆုံးအကြိမ်မြင်ရတာ တကယ်ရင်ခုန်စရာ ကောင်းပါတယ် ။ လည်ပတ်ဖို့ အကောင်းဆုံးအချိန်ဖြစ်တဲ့ ဇူလိုင်လကနေ သြဂုတ်လကတော့ တောင်တက်ရာသီဖြစ်ပြီး အေးအေးဆေးဆေး လမ်းလျှောက်ခြင်း ၊ ရေပူစမ်းမှာအနားယူခြင်း စတာတွေကို လုပ်နိုင်ပါတယ်။

4. Thanet, UK

ထူးခြားဆန်းကြယ်ပြီး ကျက်သရေရှိတဲ့ ပင်လယ်ကမ်းစပ်ဖြစ်တဲ့ Thanet ကတော့ ကမ်းခြေချစ်သူများ ၊ အစားအသောက်သမားနဲ့ ပြည့်နှက်နေပါတယ်။ ခေတ်ဟောင်းက အချိန်ကိုပြန်ရောက်သွားသလိုခံစားရတဲ့ ကော်ဖီဆိုင်များနဲ့အတူ Turner ခေတ်ပြိုင်ပြခန်းနဲ့ ဒေသတွင်းစတူဒီယိုများကလည်း လူသိများပါတယ်။ လည်ပတ်ဖို့အကောင်းဆုံးအချိန်ကတော့ နေသာဆုံးဖြစ်တဲ့ ဇွန်လကနေ သြဂုတ်လထိပါ။

5. Zakynthos, Greece

အဆုံးမရှိတောက်ပနေတဲ့ပင်လယ် ၊ စိမ်းပြာရောင်ရေတွေ ၊ များပြားလှတဲ့ ထုံးကျောက်ချောက်ကမ်းပါးများနဲ့ စိတ်ကူးယဉ်လွန်းလုနီးပါး ခံစားရစေမယ့် ဂရိနိုင်ငံရဲ့ Zakynthos ကိုလည်း လူသိများပါတယ်။ နေဝင်ချိန် ရှုခင်းများကို ခံစားဖို့လမ်းလျှောက်တာ ၊ နေဝင်ချိန်မှာ လတ်ဆတ်တဲ့ပင်လယ်စာလေးစားရင်း ဒေသထွက်ဝိုင်တစ်ခွက်ကိုခံစားဖို့အတွက် လည်ပတ်လို့အကောင်းဆုံးအချိန်ကတော့ ဇွန်လကနေ စက်တင်ဘာလအထိပါ။