လက်သည်းဆိုးဆေးတွေအမြဲဆိုးတာကြာလာတဲ့အခါ လက်သည်းဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် လက်သည်းတွေက ကျိုးပြီး ကြွပ်ဆတ်လာတတ်ပါတယ်။ လက်သည်းတွေ အားနည်းတာ၊ ကြွပ်ဆတ်ပြီး ပျက်စီးလာပြီဆိုရင် လက်သည်းတွေကို အာဟာရဖြည့်ပေးဖို့ အဆီတချို့ကို သုံးကြည့်ပါ။

အုန်းဆီ

အုန်းဆီမှာ လက်သည်းပိုးမွှားတွေကို တိုက်ဖျက်ဖို့ ပိုးသတ်ဆေးနဲ့ လက်သည်းကြီးထွားမှုကို မြှင့်တင်ပေးနိုင်တဲ့ ဖက်တီးအက်ဆစ်တွေပါတာမလို့ အုန်းဆီကို ပုံမှန်လိမ်းပေးရင် ကျန်းမာတဲ့လက်သည်းတွေကို ပိုင်ဆိုင်နိုင်ပါတယ်။

ကြက်ဆူဆီ

ကြက်ဆူဆီက မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ်နဲ့ အခြားအာဟာရဓာတ်တွေအများကြီးပါဝင်တာကြောင့် ရေဓာတ်ဖြည့်ပေးပြီး လက်သည်းကြီးထွားမှုကို လှုံ့ဆော်ပေးတဲ့အပြင့် သူ့မှာပါတဲ့ Ricinoleic acid က လက်သည်းများကို သန်မာစေပါတယ်။

လေးညှင်းဆီ

လေးညှင်းပွင့်ဆီက လက်သည်းပိုးမွှားတွေကို တိုက်ဖျက်တဲ့နေရာမှာ ထိရောက်မှုရှိတဲ့ မှိုသတ်ဆေးနဲ့ ဘက်တီးရီးယားတွေကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေပါ၀င်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့လက်သည်းတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ လေးညှင်းဆီကို သုံးပေးပါ။

Vitamin E Oil

လက်သည်းတွေ ကြွတ်ဆတ်တာဖြစ်ဖြစ် အဝါရောင်သန်းနေတာဖြစ်ဖြစ် ဒီပြဿနာတွေအားလုံးကို ဗီတာမင် E က ဖြေရှင်းပေးနိုင်ပါတယ်။ လက်သည်းတွေကို ရေဓာတ်ဖြည့်ပေးပြီး အစိုဓာတ်ထိန်းပေးနိုင်တာမလို့ လက်သည်းတွေကို ကျန်းမာတဲ့လက်သည်းတွေဖြစ်အောင် ကူညီပေးပါတယ်။

သံလွင်ဆီ

သံလွင်ဆီမှာက ဆံပင်၊ အရေပြားနဲ့ လက်သည်းတို့ရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့ ဖက်တီးအက်ဆစ်တွေ ပါဝင်တာမလို့ လက်သည်းကျန်းမာရေးအတွက် သံလွင်ဆီကိုလည်း သုံးလို့ရပါတယ်။