တချို့ဆိုရင် လက်သည်းအရှည် ထားလို့မရပါဘူး။ နည်းနည်းလေးရှည်တာနဲ့ ကျိုးတာပါပဲ။ လက်သည်းပျော့ရင်လည်း လက်သည်းက ပဲ့ပြီး ကျိုးတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်သည်းခဏခဏ ကျိုးတတ်တယ်ဆိုရင် ဒီသဘာဝနည်းလမ်းကောင်း ၅ ခုကို လုပ်ကြည့်ပါ။ အရမ်းလွယ်ကူတဲ့ နည်းလမ်းတွေဖြစ်လို့ လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။
Vitamin E
ညအိပ်ယာဝင်ခါနီးတိုင်းမှာ လက်သည်းကို Vitamin E တစ်လုံး ဖောက်လိမ်းပေးပါ။ လက်သည်းဘေးလေးတွေကိုပါ ပွတ်ပေးပါ။ လက်သည်းမာပြီး ကျန်းမာသန်စွမ်းစေလို့ လက်သည်းခဏခဏကျိုးတာတွေ ဖြစ်မှာမဟုတ်တော့ပါဘူး။
အုန်းဆီ၊ သံလွင်ဆီ
Vitamin E မရှိရင် အုန်းဆီ၊ သံလွင်ဆီ သုံးလို့ရပါတယ်။ ခုနကလိုပဲ ညအိပ်ယာဝင်ခါနီးတိုင်း လက်သည်းကို အုန်းဆီနဲ့ ပွတ်လိမ်းပေးပါ။ လက်သည်းတွေ သန်စွမ်းစေပါတယ်။ လက်သည်းမာစေပါတယ်။
သံပယိုသီး
သံပယိုသီးတစ်ခြမ်းကို ပန်းကန်လုံးထဲညှစ်ပြီး ရေနွေးထည့်လိုက်ပါ။ ရေနွေးက ကိုယ်ခံနိုင်တဲ့ အပူရှိန်လောက်ရပြီဆိုရင် လက်သည်းနစ်နေအောင် ၅ မိနစ် (သို့) ၁၀ မိနစ်လောက် စိမ်ထားလိုက်ပါ။ နေ့တိုင်းမလုပ်နိုင်ရင်တောင် ၂ ရက်ခြားတစ်ခါလောက် ပုံမှန်လုပ်ပေးပါ။ လက်သည်းမာလာပြီး ကျိုးပဲ့တာတွေ ဖြစ်တော့မှာမဟုတ်ပါဘူး။
Apple cider vinegar
Apple cider vinegar ရှိရင် ခွက်ထဲကို နည်းနည်းထည့်ပြီး ရေနွေး စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်မွှေလိုက်ပါ။ ပြီးရင် ဂွမ်းတံလေးနဲ့ တို့ယူပြီး လက်သည်းကို ပွတ်ပေးပါ။ လက်သည်း ကျန်းမာသန်စွမ်းစေပါတယ်။
ကြက်ဥအနှစ်
ကြက်ဥတစ်လုံးကိုဖောက်ပြီး အကာကိုဖယ်ထုတ်ကာ အနှစ်ပဲယူပါ။ ကြက်ဥအနှစ်ကို ပန်းကန်ထဲထည့်ပြီး ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရောမွှေလိုက်ပါ။ ပြီးရင် အဲ့ထဲကို လက်သည်းနစ်နေအောင် ထည့်စိမ်ထားပါ။ ၁၅ မိနစ်ကြာမှ ရေပြန်ဆေးချလိုက်ပါ။ ပြီးရင် အပေါ်မှာပြောခဲ့သလို Vitamin E (သို့) အုန်းဆီ (သို့) သံလွင်ဆီ လိမ်းပေးပါ။ လက်သည်းကျန်းမာသန်စွမ်းပြီး ကျိုးပဲ့တာတွေ မဖြစ်တော့ပဲ လက်သည်းလည်း အရှည်မြန်လာမှာပါ။