မိတ်ကပ်လိမ်းသည်ဖြစ်စေ၊ မလိမ်းသည်ဖြစ်စေ ညအိပ်ယာဝင်ခါနီး Night Skincare Routine မှာတော့ တစ်နေကုန်ကပ်နေတဲ့ အဆီနဲ့အညစ်အကြေးတွေကို ဖယ်ရှားဖို့ Makeup Remover ကို သုံးရမှာပါပဲ။ ဒီတစ်ခါမှာတော့ 2023 အတွက် အကောင်းဆုံးအဖြစ်နဲ့ ဖော်ပြခြင်းခံရတဲ့ Makeup Remover 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။
Milk Makeup Hydro Ungrip Makeup Remover + Cleansing Water
အဆီနဲ့အညစ်အကြေးတွေ၊ မိတ်ကပ်တွေကို အလွယ်တကူနဲ့ ပြောင်အောင် သန့်စင်ပေးနိုင်ပြီး Hyaluronic Acid နဲ့ ရှားစောင်းလက်ပတ်လည်း ပါဝင်တဲ့အတွက် ရေဓာတ်ကိုလည်း ဖြည့်တင်းပေးပါတယ်။
Neutrogena Fragrance-Free Makeup Remover Face Wipes
ခရီးသွားတဲ့အခါမျိုးမှာ အလွယ်တကူသယ်သွားနိုင်ပြီး ဈေးသက်သက်သာသာနဲ့ သုံးရတာလည်း အရမ်းကောင်းတဲ့အတွက် လူကြိုက်များပါတယ်။ Alcohol Free ဖြစ်ပြီး အသားအရေကိုလည်း နူးညံ့စေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကိုလည်း သေချာသန့်စင်ပေးနိုင်ပါတယ်။
Charlotte Tilbury Take It All Off Bi-Phase Longwear Makeup Remover
မိတ်ကပ်တွေနဲ့ အညစ်အကြေးတွေကို သေချာသန့်စင်ပေးနိုင်တဲ့အြပ်င နှုတ်ခမ်းနီ၊ Eyeliner နဲ့ Mascara တွေကိုလည်း အသားအရေထိခိုက်မှုမရှိပဲနဲ့ သန့်စင်ပေးနိုင်ပါတယ်။ ပေးရတဲ့ဈေးနဲ့ကတော့ အရမ်းတန်တဲ့ Result မျိုးကို ပြန်ရစေမှာပါ။
Glow Recipe Papaya Sorbet Smoothing Enzyme Cleansing Balm & Makeup Remover
နူးညံ့မှုရှိတဲ့ Texture နဲ့ အရမ်းပွတ်ပြီးဖျက်နေစရာမလိုပဲ အလွယ်တကူ ဖျက်လို့ရသလို အရမ်းကောင်းတဲ့ Cleansing Balm & Makeup Remover တစ်ခုဖြစ်ပါတယ်။
Clinique Take The Day Off Cleansing Balm Makeup Remover
မိတ်ကပ်နဲ့ အညစ်အကြေးတွေကို သေချာသန့်စင်ပေးနိုင်သလို Eye Makeup တွေကိုလည်း အလွယ်တကူနဲ့ သန့်စင်ပေးနိုင်ပါတယ်။ Cleansing Balm ဖြစ်တဲ့အတွက် အသားအရေ စပ်တာ၊ နာတာမျိုးတွေမဖြစ်ပဲ အလွယ်တကူ ဖျက်လို့ရပါတယ်။ ဒါ့အပြင် လူကြိုက်လည်း အရမ်းများပြီး အကောင်းဆုံးဆိုတာတွေထဲမှာလည်း အမြဲပါတဲ့ Makeup Remover ဖြစ်ပါတယ်။