မိတ်ကပ်တွေမပြင်ဆင်ထားရင်တောင်မှ နှုတ်ခမ်းနီးလေးဆိုးထားရင် မျက်နှာလေးက လင်းပြီးပိုလှသွားစေပါတယ်။ မိန်းကလေးတစ်ယောက်အတွက် အလိုအပ်ဆုံး အလှပြင်ပစ္စည်းက နှုတ်ခမ်းနီလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့် အသားလတ်တဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင် ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အနီရောင်

အသားလတ်တဲ့သူတွေက အနီရောင်နှုတ်ခမ်းနီလေးတွေနဲ့ဆို confident အပြည့်ရှိတဲ့ပုံစံမျိုးနဲ့ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။ မျက်နှာလည်းပိုပြီးလင်းသလို ဖြစ်သွားစေပါတယ်။

Peach

အသားလတ်တဲ့သူတွေက လိမ္မော်ဘက်သွားတဲ့အရောင်လေးတွေ၊ peach အရောင်လေးတွေနဲ့ အရမ်းလိုက်ပါတယ်။ အထူးသဖြင့် နှုတ်ခမ်းနီဆိုရင် peach အရောင်လေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ ရုပ်ပိုနုပြီး မျက်နှာလည်းပိုလင်းသလို ဖြစ်သွားစေပါတယ်။

Coral Pink

အသားလတ်တဲ့သူက ပန်းရောင်ဆိုရင် ပန်းရောင်တောက်တာတွေထက် coral pink လေးတွေနဲ့ဆို ပိုလိုက်ပါတယ်။ ချစ်ဖို့ကောင်းပြီး ငြိမ်တဲ့ဘက်ကိုသွားပါတယ်။

အညိုရောင်

အညိုရောင်နှုတ်ခမ်းနီကတော့ အသားအရောင်တိုင်းနဲ့ကို လိုက်ဖက်တာပါ။ ဆွဲဆောင်မှုရှိပြီး လှသွားစေပါတယ်။ ပုံမှန်ထက်ပိုပြီးလှသွားစေတဲ့ look မျိုးရစေပါတယ်။ ကိုယ်ပြင်တဲ့ makeup look တိုင်းနဲ့လည်း လိုက်ဖက်ပါတယ်။

ကြက်သွေးရင့်ရောင်

အသားလတ်တဲ့သူတွေအနေနဲ့ ကြက်သွေးရင့်ရောင် နှုတ်ခမ်းနီတွေဆိုးလိုက်ရင် လုံးဝကို sexy ကျကျနဲ့ အထာကျတဲ့ပုံစံမျိုး ဖြစ်စေပါတယ်။ ဆွဲဆောင်မှုအပြည့်ရှိစေပါတယ်။ ကိုယ့်မျက်နှာလေးလည်း ပိုပြီးပေါ်လွင်စေပါတယ်။