လက်ရှိနိုင်ငံတကာမှာ လူကြိုက်များနေတဲ့ ကိုရီယား Horror ရုပ်ရှင်ကား Exhuma ကိုကြိုက်တဲ့သူတွေအတွက် Exhuma လိုမျိုး ယစ်ပူဇော်တဲ့ဓလေ့ထုံးတမ်းကို အဓိကထားဇာတ်အိမ်တည်ထားတဲ့ သဘာဝလွန် Horror ရသကိုပေးနိုင်တဲ့ နောက်ထပ်ရှပ်ရှင်တချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

The Wailing

ဒါရိုက်တာ Na Hong-jin ရဲ့ The Wailing က ကိုရီးယားသရဲရုပ်ရှင်သမိုင်းမှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုအဖြစ် ရပ်တည်နေတဲ့ ရုပ်ရှင်ပါ။ လျှို့ဝှက်ဆန်းကြယ်တဲ့ ရောဂါတစ်ခုနဲ့ ဆိုးရွားတဲ့ လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ဝေးလံခေါင်သီတဲ့ကျေးရွာလေးက အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။

The Cursed: Dead Man’s Prey

ဒါရိုက်တာ Kim Yong-wan ရိုက်ကူးထားပြီး Uhm Ji-won နဲ့ Jung Ji-so တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်က အကျင့်ပျက်ခြစားမှုနဲ့ သဘာဝလွန်တို့ကို ဆက်စပ်ပြီး စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ရိုက်ထားတာပါ။

The 8th Night

ဒါရိုက်တာ Kim Tae-hyung ရိုက်ကူးတဲ့ The 8th Night ရုပ်ရှင်ကားက လစက်ဝန်းရဲ့ 8 ရက်ညတိုင်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ အင်အားတွေနိုးထလာမှုကြောင့် ခြိမ်းခြောက်ခံနေရတဲ့ ကမ္ဘာကြီးကို နောက်ခံထားရိုက်ထားတာပါ။

The Closet

ဇနီးဖြစ်သူသေဆုံးပြီးနောက်ပိုင်း Sang-won က သမီးဖြစ်သူ Yi-na နဲ့အတူ အိမ်အသစ်ဆီ ပြောင်းလာခဲ့တဲ့အခါ အခန်းအတွင်းထဲက ဗီရိုတစ်ဝိုက်မှာ ထူးဆန်းတဲ့ဖြစ်ရပ်များကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်ပိုင်း အိမ်ရဲ့အတိတ်နဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့ပုံကို ဒါရိုက်တာ Kim Kwang-bin က ရိုက်ကူးခဲ့တာပါ။

The Piper

ကြွက်ကပ်နေတဲ့ ဝေးလံခေါင်သီတဲ့ ရွာတစ်ရွာမှာနေတဲ့ သားအဖနှစ်ယောက်မှာ သူ့ပုလွေအတတ်ပညာကိုသုံးပြီး ရွာထဲက ပိုးမွှားတွေကို သုတ်သင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ရွာသားတွေက သူ့ကို ပိုက်ဆံပေးဖို့ ငြင်းတဲ့အခါ နောက်ဆက်တွဲအနေနဲ့ကတော့ လက်စားချေမှု၊ လောဘနဲ့ လူ့မိုက်မဲမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရိုက်ပြခဲ့တဲ့ ဒီရုပ်ရှင်ကို ဒါရိုက်တာ Kim Gwang-tae က ရိုက်ခဲ့တာပါ။