Y2K တွေ ပြန်ပြီးခေတ်စားလာတဲ့အချိန်မှာ ချန်ခဲ့လို့မရတာကတော့ စိုစိုရွှဲရွှဲလေးနဲ့ လှနေတဲ့ Lip Gloss တွေပါပဲ။ ဘယ်လိုစတိုင်မျိုးနဲ့မဆို လိုက်ဖက်ပြီး 2000 Vibe ကို ပြန်ရစေမယ့် ဒီလို Lip Gloss မျိုးကိုမှ ဆိုးချင်တဲ့ပျိုမေတွေ အတွက် ရွေးချယ်သင့်တဲ့ Korean Lip Gloss တစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

1 rom&nd Glasting Water Gloss

Glitter အပြည့်နဲ့ ဒီနှုတ်ခမ်းနီက Glasting Water Gloss က ဆိုးလို်က်ရင် အဆီပြန်နေတာမျိုးမဟုတ်ဘဲ သဘာဝအတိုင်း ပြောင်ပြောင်လေးနဲ့လှနေမှာပါ။ နှုတ်ခမ်းကို ရေစိုခံပြီး သဘာဝအတိုင်းပြည့်ပြည့်လေးနဲ့ လှစေတာမလို့ ဆိုးပြီးသွားရင် စိုစိုလေးနဲ့လှနေမှာပါ။

2 Hera Sensual Nude Gloss

ဆိုးလိုက်ရင် သဘာဝအတိုင်းလေးလှနေသလို ဖြစ်စေတဲ့ ဒီ Lip Gloss က ဘယ်လို Makeup Look နဲ့မလို လိုက်လျောညီထွေဖြစ်စေပြီး ဆွဲဆောင်မှုရှိစေပါတယ်။

3 Peripera Glasting Lip Gloss

သရက်သီး၊ သံလွင်သီးနဲ့ Jojoba တို့လို အစိုဓာတ်ထိန်းတဲ့ အဆီတွေ အများကြီးပါတဲ့ ဒီ Gloss က ဆိုးထားပြီးရင် တစ်နေ့လုံး လှနေပြီး ရေဓာတ်လည်းဖြည့်ပေးပါတယ်။ သူ့ရဲ့ Texture ကလည်း စေးကပ်ကပ်မဖြစ်ဘဲ ဆိုးပြီးသွားရင် ပေါ့ပေါ့ပါးပါနဲ့ နေရတာသက်တောင့်သက်သာရှိစေပါတယ်။

4 Colorgram Tanghulu Tangle Tint

နှုတ်ခမ်းကို မယုံနိုင်လောက်အောင် အရည်ရွှမ်းပြီး တောက်ပြောင်တဲ့ Look မျိုးလိုချင်ရင်တော့ ဒီ Tint ကို ရွေးသင့်ပါတယ်။ သူ့ရဲ့အရောင်က ဆိုးတာကြာလာတာနဲ့အမျှ အရောင်ပိုထွက်ပြီး Long Lasting ဖြစ်တာမလို့ ခနခနပြန်ဆိုးဖို့ မလိုပါဘူး။

5 espoir Couture Lip Gloss

မိန်းကလေးဆန်ဆန်နူးညံ့တဲ့ အရောင်နဲ့ ဒီ Lip Gloss က သဘာဝအတိုင်း ဆွဲဆောင်မှုအားကောင်းစေသလို ဆိုးတဲ့အချိန်မှာလည်း စွဲမက်ဖွယ်ကောင်းတဲ့အထိအတွေ့ကို ရစေပါတယ်။