အားလုံးပဲမင်္ဂလာပါနော်။ နှုတ်ခမ်းခြောက်တာ၊ အရေခွံလန်တာတွေက ရာသီမရွေးဖြစ်တတ်သလို အခုလို လေအေးတိုက်တဲ့ ဆောင်းတွင်းမှာဆို ပိုအဖြစ်များပါတယ်။ ဒီလိုနှုတ်ခမ်းခြောက်တာပျောက်ဖို့ Lip Balm ပုံမှန်လိမ်းပေးတာက အထိရောက်ဆုံးနည်းတစ်မျိုးပါပဲ။ သင်က နှုတ်ခမ်းခြောက်တတ်ပေမယ့် ထိထိရောက်ရောက်သက်သာစေတဲ့ Lip Balm မျိုး ရှာရခက်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးက သင့်ကို ကူညီပေးမှာပါ။ ဒီတစ်ခေါက်မှာ နှုတ်ခမ်းအရမ်းခြောက်တတ်တဲ့သူတွေအတွက် လတ်တလော လူသုံးများပြီး အရည်အသွေးလည်းကောင်းတဲ့ ကိုးရီးယားနိုင်ငံထုတ် Lip Balm တံဆိပ်အချို့ကို မျှဝေပေးလိုက်ရပါတယ်။

3CE Plumping Lips


3CE ရဲ့ ဒီ Lip Balm လေးက Organic Oil တွေနဲ့ပါဝင်ပြုလုပ်ထားတာမို့ စိမ့်ဝင်အားကောင်းပြီး အစိုဓာတ်များများဖြည့်ပေးနိုင်ပါတယ်။ သဘာဝပစ္စည်းတွေသာပါဝင်လို့ ဆိုးထားပြီးနောက် Natural ဆန်တဲ့ နှုတ်ခမ်းသားစိုစိုဖူးဖူးလေးကို ပိုင်ဆိုင်စေမှာပါ။ နေရောင်ကာပေးတဲ့ SPF လည်းပါဝင်တာမို့ နေပူထဲထွက်ရတဲ့သူတွေ ဆောင်ထားသင့်တဲ့ Lip Balm အမျိုးအစားလေးလည်းဖြစ်ပါတယ်။

Frudia Blueberry Hydrating Honey Lip Balm

ပျားရည်နဲ့ Blueberry အာနိသင်တွေပေါင်းစပ်ထားတဲ့ ဒီ Lip Balm လေးကလည်း တစ်ခါလိမ်းပြီး နာရီအတော်ကြာ အစိုဓာတ်စိမ့်ဝင်စေတဲ့ပစ္စည်းလေးပါ။ ဆိုးထားပြီးနောက် နှုတ်ခမ်းသားလေးအိပြီး Blueberry နံ့လေးသင်းနေမှာပါ။ စေးကပ်မှုမရှိဘဲ Hydrating ဖြစ်တာမို့ Skin Type အားလုံးနီးပါးသုံးနိုင်တဲ့ Lip Balm တစ်မျိုးပါ။

Innisfree’s Canola Honey Lip Balm


တော်တော်များများသိကြတဲ့ Innisfree ရဲ့ ဒီ Lip Balm လေးကလည်း Canola Honey အာနိသင်ပါဝင်တာမို့ နှုတ်ခမ်းသားအစိုဓာတ်အတွက် အရမ်းအသုံးဝင်ပါတယ်။ အနံ့ချိုချိုလေးနဲ့ ဆိုးလို့ကောင်းတဲ့အပြင် အိတ်ဆောင်ပုံစံလေးဖြစ်တာမို့ နေ့စဉ်သုံးအတွက်ဆောင်ထားဖို့ အဆင်ပြေပါတယ်။

Wakemake Vitamin Watery Tok Tinted Lip Balm


Texture အိအိလေးနဲ့ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ Lip Balm လေးပါ။ Tinted ဖြစ်တာမို့ ဆိုးလိုက်တာနဲ့ နှုတ်ခမ်းသားကို ပန်းရောင်နုနုလေးသမ်းစေပါတယ်။ အရောင်ပါတာမို့ အခြားနှုတ်ခမ်းနီမသုံးဘဲ ဒါလေးတစ်မျိုးပဲဆိုးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်နော်။

Laneige Lip Sleeping Mask


နာမည်ကြီး တံဆိပ်ဖြစ်တဲ့ Laneige ကိုတော့ လူတိုင်းသိကြမှာပါ။ ဒါလေးက Lip Balm ထက် ညဘက်လိမ်းပြီး အိပ်ရတဲ့ Lip Mask တစ်မျိုး ဖြစ်ပါတယ်။ အာနိသင်တကယ်ထိရောက်တဲ့ပစ္စည်းဖြစ်လို့ လိမ်းပြီး အိပ်လိုက်မယ်ဆိုရင် မနက်နိုးတာနဲ့ အစိုဓာတ်စိမ့်ဝင်ကာ ခြောက်သွေ့မှုကင်းတဲ့ နှုတ်ခမ်းအိအိလေးကို ပိုင်ဆိုင်ရမှာပါ။

Photo Source: Pinterest

By MyStyle Myanmar