ခြေထောက်သဲဝဲဖြစ်ရင် ဒီတိုင်းမထားပါနဲ့။ ခြေထောက်ကို သန့်သန့်ရှင်းရှင်းထားပြီး သက်သာစေမယ့်အရာလေးတွေကို လုပ်ပေးပါ။ ခြေထောက်သဲဝဲဖြစ်တာ သက်သာစေမယ့် နည်းလမ်းတွေ အများကြီးထဲကမှ လုပ်ရတာလွယ်ကူပြီး ထိရောက်မှုလည်းရှိတဲ့ အိမ်တွင်းဖြစ်နည်းလမ်းကောင်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Tea tree oil

Tea tree oil က antifungal နဲ့ antibacterial တွေ သက်သာစေပါတယ်။ ဒါကြောင့် ခြေထောက်သဲဝဲ သက်သာဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ အပူပေးထားတဲ့ အုန်းဆီ ၁ ဆနဲ့ အပူပေးထားတဲ့ tea tree oil ၂ ဆကို ရောမွှေပြီး နွေးနွေးလေး ဖြစ်သွားပြီဆိုရင် သဲဝဲဖြစ်နေတဲ့နေရာကို လိမ်းပေးရမှာပါ။ တစ်နေ့ ၂ ကြိမ် ပုံမှန်လိမ်းပေးမယ်ဆိုရင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ သက်သာလာပါလိမ့်မယ်။

အရက်ပြန်နဲ့ပွတ်ခြင်း

အရက်ပြန်ကလည်း မှိုရောဂါတွေ သက်သာစေဖို့ ကူညီပေးသလို သဲဝဲအတွက်လည်း အရမ်းကောင်းပါတယ်။ ခြေထောက်စိမ်မယ့် ဇလုံထဲကို အရက်ပြန် ၇၀% ၊ ရေ ၃၀% ထည့်ပြီး ခြေထောက်ကို စိမ်ပြီး ပွတ်ပေးပါ။ မိနစ် ၃၀ လောက်နေမှ ခြေထောက်ထုတ်ပြီး သေချာပြန်သုတ်ပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ၅ တက်လောက်ကို ထောင်းပြီး ရလာတာကိုမှ သဲဝဲဖြစ်နေတဲ့နေရာကို တိုက်ရိုက်ပွတ်ပေးပါ။ တစ်နေ့ ၂ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် သဲဝဲဖြစ်နေတာတွေ သက်သာသွားပါလိမ့်မယ်။

ပင်လယ်ဆား

ပင်လယ်ဆားက antibacterial နဲ့ antifungal တွေအတွက် အရမ်းကောင်းပါတယ်။ ပင်လယ်ဆားနဲ့ ရှာလကာရည်ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး ဇလုံထဲထည့်ပါ။ ပြီးရင်တော့ ခြေထောက်ထည့်ပြီး မိနစ် ၂၀ စိမ်ထားပါ။ အချိန်ပြည့်ရင် ရေဆေးချပြီး ခြေထောက်ကို ခြောက်အောင်သုတ်ပါ။

ခြေထောက်ကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ

ခြေထောက်မသန့်ရှင်းရင် သဲဝဲက ပိုဆိုးလာပါတယ်။ ဒါကြောင့် ခြေထောက်ကို အမြဲတန်းသန့်ရှင်းအောင်ထားပါ။ မိုးရေထဲသွားပြီး ခြေထောက်စိုလာရင် ရေပြန်ဆေးပြီး ခြောက်အောင်သုတ်ပါ။ ညအိပ်ယာဝင်ခါနီးတိုင်း ခြေထောက်သန့်ရှင်းရေးလုပ်ပြီး ခြေထောက်ကို foot cream လိမ်းပေးပါ။