မိန်းကလေးတိုင်းအတွက် ဘယ်လိုအချိန်မဆို ရိုးမသွားဘဲ အမြဲတမ်းဝတ်ဆင်နိုင်တဲ့ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ ဖက်ရှင်တွေကို ပြောပြပေးမှာဖြစ်ပါတယ်။

၁။ Slip Dress – ခန္ဓာကိုယ်ကိုချပ်ချပ်ရပ်ရပ်နဲ့ ပေါ့ပေါ့ပါးပါး လှပစေတဲ့ Slip Dress တွေဟာ နုပျိုသွက်လက်ပြီး သက်တောင့်သက်သာစတိုင်ဖြစ်တဲ့ Slip Dress တွေကို ဆယ်ကျော်သက်တွေပဲ ဝတ်ဆင်နိုင်တာမဟုတ်ဘဲ အသက် ၃၀ကျော် ပျိုမေတို့ပါ ဝတ်ဆင်နိုင်ပါတယ်။

၂။ High-Waisted – ခါးမြင့်ဘောင်းဘီတွေဟာ နွေရာသီအတွက်အလိုက်ဖက်ဆုံး ဖက်ရှင်ဖြစ်ပေမယ့် အခြားရာသီတွေမှာပါ ဝတ်ဆင်နိုင်ပါတယ်။ Jeans High-Waisted တမျိုးတည်းသာမကဘဲ ပိုးသားနဲ့ အခြားနူးညံ့တဲ့အဆင်စလိုမျိုး High Waisted တွေကိုလည်း ဝတ်ဆင်နိုင်ပါတယ်။

၃။ Bell Sleeves – ဘဲလ်လက်လို့ခေါ်တဲ့ Bell Sleeves အင်္ကျီတွေက ရိုးရိုးဘလောက်စ် အင်္ကျီတွေထက် ပိုမိုလှပပြီး ဆွဲဆောင်မှုရှိပါတယ်။ ဘဲလ်လက်အင်္ကျီတွေကို ဘောင်းဘီ၊ စကဒ် ကြိုက်ရာနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဆွဲဆောင်မှုရှိပြီး မိန်းမဆန်တဲ့ သွင်ပြင်ကို ပေါ်လွင်စေမှာပါ။

၄။ Jumpsuits – ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာစတိုင်ရှိတဲ့ Jumpsuits တွေဟာ နေရာတော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ လုံခြုံပြီး ပေါ့ပါးတဲ့ Jumpsuit လေးတွေကို ပြောင်တွေသာမက လှပဆန်းပြားတဲ့ Floral Printed Jumpsuit တွေ၊ Patterned Jumpsuit လေးတွေကိုပါ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

၅။ Scarf – ဘယ်တော့မှရိုးမသွားနိုင်တဲ့ နောက်ထပ်ဖက်ရှင်တခုကတော့ ပုဝါစလှလှလေးတွေပါပဲ။ ပိုးသား ပုဝါလေးတွေ ကတ်ရှမီးယားပုဝါ အဆင်လှလှလေးတွေကို လည်ပင်းမှာ လည်စည်းပုဝါအဖြစ် ဆင်မြန်းခြင်းက Classy ဖြစ်တဲ့ အသွင်ကို ဖြစ်ပေါ်စေပါတယ်။ နေ့စဉ်ရုံးတက်ဖက်ရှင်အနေနဲ့ပဲ ဖြစ်ဖြစ်၊ တီရှပ်လှလှ ဘလောက်စ်လှလှတွေနဲ့ ခပ်မိုက်မိုက်စတိုင်အဖြစ်ပဲဖြစ်ဖြစ် Scarf လှလှလေး တထည် လည်ပင်းမှာ ချည်နှောင်ထားတဲ့သင့်ရဲ့စတိုင်ဟာ လူတွေကြားထဲမှာ ထူးထူးခြားခြားနဲ့ လှပနေမှာအသေအချာပါပဲ။

ဒါတွေကတော့ ဘယ်တော့မှ ရိုးသွားမှာမဟုတ်တဲ့ မိန်းကလေးတိုင်းမရှိမဖြစ် ဆောင်ထားသင့်တဲ့ဖက်ရှင် (၅)မျိုးပဲ ဖြစ်ပါတယ်။