မျက်နှာကို Scrub လုပ်တာက အသားအရေအတွက် အရေးကြီးတာမလို့ ဒီအဆင့်က မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ Face Scrub တံဆိပ်တွေ အများကြီးရှိပေမယ့် ထိခိုက်လွယ်တဲ့ အသားအရေအတွက် အဆင်ပြေနိုင်မယ့် Scrub တချို့ကို ဝေမျှပေးချင်ပါတယ်။

1. PureSense Pink Guava Face Scrub

သူ့ရဲ့ ပြီးပြည့်စုံတဲ့ De-tan Formula က အမဲစက်တွေကိုဖယ်ရှားပေးတာကြောင့် အသားအရေကို ကြည်ပြီး တောက်ပစေပါတယ်။ အရေးကြီးဆုံးကတော့ အဆီပြန်ပြီး ခြောက်သွေ့တဲ့ အသားအရေနဲ့ ထိခိုက်လွယ်တဲ့ အသားအရေတွေအတွက် သင့်တော်ပါတယ်။

2. Earth Rhythm Face Scrub

နနွင်းပါတဲ့ ဒီ Scrub က မယ်လနင် ထုတ်လုပ်မှုကို လျှော့ချပေးပြီး အမာရွတ်များကို ပြုပြင်ပေးပါတယ်။ သစ်တော်သီးမှာပါတဲ့ ဗီတာမင် K ပါတာကြောင့် ဝက်ခြံတွေကိုလည်း ပျောက်စေပြီး ပြီးပြည့်စုံတဲ့ အသားအရေကို ရရှိစေပါတယ်။

3. Pilgrim Face Scrub

ကိုရီးယားဖော်မြူလာနဲ့ထုတ်ထားတဲ့ ဒီ Scrub က အဆိပ်အတောက်များကို ဖယ်ပေးပြီး အသားအရေကို ကြည်လင်ဝင်းပပြီး သဘာဝအတိုင်း တောက်ပလာစေတဲ့အပြင် ဘယ်အသားအရေအမျိုးအစားမဆို သုံးလို့ရပါတယ်။

4. TAC – The Ayurveda Co. 7% Kumkumadi Face Scrub

ဒီ Scrub က သစ်ကြားသီးပါတာမလို့ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့အပြင် ချွေးပေါက်တွေမှာ ပိတ်နေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးကာ အရေပြားကို သန့်စင်ပေးပြီး ငယ်ရွယ်နုပျိုတဲ့ အသားအရေကို ရရှိစေပါတယ်။

5. Swarnak 24K Gold Ayurveda Radiance Face Scrub

ဒီ Scrub က အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ချွေးပေါက်တွေမှာ ပိတ်နေတာတွေကို သဘာဝအတိုင်းဖယ်ရှားပေးပါတယ်။ အရေပြားအတွင်း အောက်ဆီဂျင်စိမ့်ဝင်အောင် ကူညီပေးတဲ့ ဘက်တီးရီးယားနဲ့ သူ့မှာပါတဲ့ 24K ရွှေက ကော်လာဂျင်ပြိုကွဲမှုကို နှေးကွေးစေပြီး အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ အိုမင်းရင့်ရော်မှု လက္ခဏာများကို လျော့ပါးစေတာကြောင့် Sensitive Skin သမားတွေအနေနဲ့ Anti-Ageing အတွက်ဆို ဒီ Face Scrub ကို စမ်းသုံးကြည့်သင့်ပါတယ်။