အထိုင်များရင် ဗိုက်နဲ့ခါးမှာ အဆီစုပါတယ်။ ဒီလို ခါးမှာရှိတဲ့ မလိုအပ်တဲ့အဆီပိုတွေ လျော့ကျစေဖို့အတွက်ဆိုရင်တော့ လေ့ကျင့်ခန်းအများကြီး မလုပ်နိုင်ရင်တောင်မှ ဒီ ၅ ခုကိုပဲ လုပ်ပေးရင် ရပါပြီ။ ပုံမှန်သာလုပ်သွားပေးရင် သိသိသာသာကို ခါးအဆီကျလာမှာပါ။

လေ့ကျင့်ခန်း ၁

ပုံမှလုပ်ပြထားတဲ့ အဆင့်သုံးဆင့်အတိုင်း လုပ်ပေးသွားရမှာပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာသုံးတဲ့ Medicine Ball ကိုသုံးပြီးတော့ ဘယ်လှည့်၊ အပေါ်မြှောက်၊ ညာလှည့်နဲ့ လုပ်ပေးရမှာပါ။ ထိုင်တာလည်း ပုံမှာပြထားတဲ့အတိုင်း ထိုင်ပေးပါ။ ၃ ဆင့်လုံးပြီးမှ ၁ ကြိမ်လို့သတ်မှတ်ရပါမယ်။ အဲ့အတိုင်း ၁၅ ကြိမ် လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်ထောက်ပြီးတော့ ခြေထောက်နှစ်ဖက်ကိုစုကာ ခါးကိုလိမ်ပြီး ဘယ်စောင်းလိုက်၊ ပြန်တည့်လိုက်၊ ညာစောင်းလိုက်နဲ့ ခုနကလိုပဲ ၃ ဆင့်လုပ်ရမှာပါ။ ၃ ဆင့်လုံးပြီးမှ ၁ ကြိမ်လို့သတ်မှတ်ပြီး ၁၅ ကြိမ် လုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ သေချာလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းမှာတော့ ဘယ်ညာလုပ်ပြီးမှ ၁ ကြိမ်လို့သတ်မှတ်ပြီး အနည်းဆုံး ၁၅ ကြိမ်မှ အကြိမ် ၃၀ အထိ လုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ၄

ခြေထောက်အနေအထားနဲ့ ထိုင်ပုံကို သေချာတူအောင် လုပ်ပေးပါ။ လက်ကိုလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်နှစ်ဖက်ကိုစုပ်ထားပြီး ခါးကို ဘယ်လှည့်၊ ညာလှည့် လုပ်ပေးရမှာပါ။ ဒါကိုလည်း ခုနကလိုပဲ အနည်းဆုံး ၁၅ ကြိမ်မှ အကြိမ် ၃၀ အထိ လုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ၅

နောက်ဆုံးလေ့ကျင့်ခန်းကတော့ ခါးလှည့်တဲ့ Disc ကို အသုံးပြုပြီး လှည့်ရမှာပါ။ ဒါက ဖုန်းသုံးရင်၊ တီဗီကြည့်ရင်းနဲ့တောင် လှည့်နေလို့ရတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် နေတိုင်းလုပ်ပေးပါ။ တစ်နေ့ကို ၁၀ မိနစ်၊ ၁၅ မိနစ် လှည့်ပေးရုံနဲ့တင် သိသိသာသာ ခါးအဆီကျစေပါတယ်။