အဆီပြန်ရင် Cushion သုံးရတာအဆင်မပြေဘူး၊ မိတ်ကပ်သားမခံဘူး၊ အဆီပိုပြန်သလိုဖြစ်စေတယ်လို့ ထင်နေကြတာများပါတယ်။ ဒါကတော့ ကိုယ်သုံးတဲ့ Cushion နဲ့လည်း ဆိုင်ပါတယ်။ အဆီပြန်ပေမယ့် Cushion ပဲ သုံးချင်တယ်ဆိုတဲ့သူတွေအတွက် Oily Skin နဲ့အဆင်ပြေပြီး အကောင်းဆုံးလည်းဖြစ်တဲ့ Cushion (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
1.Estee Lauder Double Wear Cushion BB Compact
Estee Lauder ရဲ့ double wear compact cushion ကတော့ အဆီပြန်တဲ့သူတွေအတွက် oil-free coverage ရစေပြီး လိမ်းထားရင်လည်း မိတ်ကပ်သားက အနည်းဆုံး ၈ နာရီကြာခံပါတယ်။ ဒါ့အပြင် သဘာဝအတိုင်း glow နေတဲ့ပုံစံလေးဖြစ်စေလို့ glow look ကြိုက်တဲ့သူတွေ ရွေးချယ်သင့်ပါတယ်။
2. Laneige Powder Fit Cushion
Laneige ရဲ့ powder fit cushion ကတော့ cream to powder texture ဖြစ်လို့ အဆီပြန်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ လိမ်းထားရင် မိတ်ကပ်သား သိပ်သိပ်လေးနဲ့ အရမ်းလှပါတယ်။ ပြောင်ပြောင်လေးနဲ့ glow တာမကြိုက်ပဲ မိတ်ကပ်သားသိပ်ပြီး ညက်နေတာမျိုးပဲ ကြိုက်တယ်ဆိုတဲ့သူတွေ ရွေးချယ်သင့်တဲ့ cushion ပါ။
3. Maybelline Super BB Fresh Matte Cushion
ဈေးသင့်တင့်ပြီး quality လည်းကောင်းလို့ လူကြိုက်များနေတဲ့ drugstore makeup brands မှာဆိုရင် Maybelline က ထပ်ဆုံးမှာအမြဲရပ်တည်နေတာပါ။ Maybelline ရဲ့ super BB fresh matte cushion ဆိုရင်လည်း အဆီပြန်တဲ့သူတွေအတွက် အရမ်းကောင်းပါတယ်။ မိတ်ကပ်သားလည်းလှတာကြောင့် ဈေးသင့်တာပဲသုံးချင်ရင် ဒီ cushion လေးကိုသာ ရွေးချယ်ပါ။
4. Missha M Magic Cushion
Missha cushion တွေ အရမ်းကောင်းတယ်ဆိုတာကို သုံးဖူးသူတိုင်းသိမှာပါ။ သူ့ဆီက M magic cushion ဆိုရင်လည်း အဆီပြန်တဲ့ oily skin တွေအတွက် အရမ်းကောင်းပါတယ်။ မိတ်ကပ်သားလင်းလင်းလေးနဲ့ အဆီတွေကိုစုပ်ယူထားနိုင်ပြီး အဆီမပြန်အောင် ထိန်းထားပေးပါတယ်။ မိတ်ကပ်သားကလည်း ကြည်ကြည်ပြောင်ပြောင်လေးမို့ အရမ်းမိုက်ပါတယ်။
5. Dear Klairs Mochi BB Cushion
Dear Klairs ရဲ့ mochi BB cushion ကတော့ packaging နဲ့တင် သုံးချင်စရာလေးပါ။ သူက balm-type cushion ဖြစ်လို့ oily skin တွေအတွက် သင့်တော်ပါတယ်။ အဆီပိုမပြန်အောင် ထိန်းထားပေးပြီး ချွေးပေါက်တွေပါ ဖုံးပေးနိုင်ပါတယ်။ ဒါ့အပြင် မိတ်ကပ်သားလည်း ကြာရှည်ခံပါတယ်။