စမ်းသပ်မှုရလဒ်တွေအရ ဖက်ရှင်ကို လိုက်စားတဲ့သူတွေက မလိုက်စားတဲ့သူတွေထက် လုပ်ငန်းခွင်မှာ အောင်မြင်နိုင်ခြေ ၁.၅ ဆ ပိုများပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ အောင်မြင်ပြီး ဖက်ရှင်ကျကျနဲ့ လှလှပပလေးနဲ့ အလုပ်လုပ်ဖို့အတွက် အဝတ်အစားရွေးတဲ့အခါ အခုပြောပြမယ့်အ‌ရောင်တွေကို ဉီးစားပေးရွေးသင့်ပါတယ်။

အစိမ်းရောင်

သင်က လုပ်ငန်းခွင်မှာ တည်ငြိမ်သူ ၊ ပွင့်လင်းသူတစ်ဦး၏ ပုံရိပ်ကို ဖန်တီးချင်ရင်တော့ စိတ်ခံစားမှုအပေါ် ထိန်းချုပ်မှု၊ လျင်မြန်စွာ ဖြေရှင်းနိုင်မှု စတာတွေကို ကိုယ်စားပြုတဲ့ အစိမ်းရောင်ကို ရွေးပါ။

အပြာရောင်

တည်ငြိမ်ပြီး လက်တွေ့ကျမှု ၊ ယုံကြည်စိတ်ချမှု ၊ ထိန်းချုပ်မှုနဲ့ စီမံခန့်ခွဲမှုကို ကိုယ်စားပြုတဲ့ အပြာရောင်က စီးပွားရေးသမားတွေကြားမှာ ရေပန်းအစားဆုံးအရောင်ပါ။ ဒါပေမယ့် သင်က ရှေးရိုးဆန်တဲ့ စီးပွားရေးလုပ်ငန်းမှာ လုပ်နေရင်တော့ တောက်ပတဲ့ စိမ်းပြာရောင်၊ ultramarine အရောင်တွေကိုတော့ မရွေးသင့်ပါဘူး။

အနီရောင်

နိုင်ငံရေးနဲ့ စီးပွားရေးမိတ်ဆက်ပွဲတွေ ၊ လူမှုရေးပွဲ သို့မဟုတ် စီးပွားရေးညစာစားပွဲတွေမှာ သပ်သပ်ရပ်ရပ်နဲ့ ခိုင်လုံတဲ့ပုံရိပ်တစ်ခု ဖန်တီးဖို့အတွက်ဆို အနီရောင်က အသင့်တော်ဆုံးပါ။ ကိုယ့်ကိုကိုယ် အာရုံစိုက်ဖို့၊ ကိစ္စတစ်ခုကို သက်သေပြဖို့၊ ဒါမှမဟုတ် အမြင်တစ်ခုကို ချမှတ်တဲ့အခါမှာ မှန်းဆမရတဲ့ ဆုံးဖြတ်ချက်များကို ချတဲ့အချိန်မျိုးတွေမှာဆို အနီရောင်တောက်တောက် စီးပွားရေးဝတ်စုံက အလိုက်ဖက်ဆုံးပါပဲ။

လိမ္မော်ရောင်နဲ့ အညိုရောင်များ

လူအများနဲ့အလုပ်လုပ်ရတဲ့အချိန် ရင်းနှီးပြီး ဖော်ရွေတဲ့ဆက်ဆံရေးကို ပြချင်ရင်တော့ အညိုရောင်ကိုရွေးပါ။ အဓိပ္ပါယ်များစွာရှိတဲ့အညိုရောင်က နည်းနည်းရိုးတယ် ရှေးရိုးဆန်တယ်လို့ထင်ရပေမယ့် အပြာ၊ အနက်ရောင်နဲ့ မီးခိုးရောင်တို့ထက် တည်ငြိမ်တဲ့အသွင်ကို ရစေပါတယ်။