ဝနေလို့၊ အဆီတွေများနေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ကိုယ်ရည်စစ်ပြီး အဆီပိုတွေကိုလည်း ဖယ်ရှားပေးပြီး ကယ်လိုရီတွေလောင်ကျွမ်းသွားစေဖို့ ကူညီပေးမယ့် Chair Cardio Exercises (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။ လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုကြားမှာ ၁ မိနစ်ထက် ပိုမနားရပါဘူး။ ၅ မျိုးထဲရှိတာကြောင့် သေချာပုံမှန်လေး အားစိုက်ထုတ်ပြီး လုပ်ပေးသွားမယ်ဆိုရင်တော့ လအနည်းငယ်အတွင်းမှာပဲ သိသာတဲ့ Result ကို ရရှိမှာပါ။

Seated Jacks Exercise

ပုံမှာပြထားတဲ့အတိုင်း ခုံမှာခြေထောက်ကိုစုထိုင်ပါ။ ပြီးမှ ဒုတိယပုံထဲကလို ခြေထောက်ကိုကားပြီး လက်နှစ်ဖက်ကို အပေါ်မြှောက်ပါ။ ပြီးတာနဲ့ ပထမပုံထဲကလို ပြန်စုထိုင်ပါ။ အဲ့အတိုင်း ပုံစံ ၂ မျိုးကို ဆက်တိုက် အကြိမ် ၃၀ လုပ်ပေးရမှာပါ။

Skater Switch Exercise

ဒီ Exercise ကျတော့ စကိတ်စီးတာနဲ့တူပါတယ်။ ခုံမှာထိုင်ပြီး ညာခြေထောက်ကိုကားပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း ညာလက်က ဘယ်ခြေထောက်ကို ထိပေးပါ။ ပြီးရင် ဘယ်ခြေထောက်ကိုကားပြီး ဘယ်လက်က ညာခြေထောက်ကို ထိပေးပါ။ အဲ့အတိုင်း ပုံမှာပြထားသလို ဘယ်ညာတစ်လှည့်စီ ဆက်တိုက်လုပ်ရပါမယ်။ လုပ်ရမယ့်အကြိမ်အရေအတွ်ကတော့ အကြိမ် ၃၀ ဖြစ်ပါတယ်။

Leg Lift And Twist Exercise

ပုံမှာပြထားတဲ့အတိုင်း ခုံမှာထိုင်ပြီး လက်နှစ်ဖက်ကိုယှက်ထားပါ။ ညာခြေထောက်ကို ရှေ့ဆန့်ထုတ်ထားပါ။ ပြီးတာနဲ့ ညာခြေထောက်ကို အပေါ်မြှောက်ပြီး ခါးကညာကိုလှည့်ပါ။ ပြီးရင် ပထမအနေအထားနဲ့ ပြန်နေပါ။ အဲ့အတိုင်း ပုံစံ ၂ မျိုးကို ဆက်တိုက် ၂၅ ကြိမ် လုပ်ပေးရပါမယ်။ ညာပြီးရင် ဘယ်ကိုပြောင်းလုပ်ပါ။ ဘယ်လည်း ၂၅ ကြိမ်ပါပဲ။

Hinge And Cross Exercise

ခုံမှာထိုင်ပြီး ခြေချောင်းလေးတွေနဲ့ ထောက်ထားပါ။ ခါးကိုကော့ပြီး အနောက်ကိုမှီထိုင်ပါ။ လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားပါ။ အဲ့လိုအနေအထားနဲ့နေပြီးရင်တော့ ဒုတိယပုံထဲကလို တစ်ဘက်ကိုလှည့်ပါ။ ပြီးရင် ပထမအနေအထားနဲ့ ပြန်နေပါ။ အဲ့အတိုင်း ပုံစံ ၂ မျိုးကို ဆက်တိုက် အကြိမ် ၂၀ လုပ်ပေးပါ။ ဘယ်လှည့်ပြီးရင် ညာလှည့်တာကိုလည်း အကြိမ် ၂၀ လုပ်ပေးပါ။

Chair Running Exercise

ထိုင်ခုံမှာထိုင်ပြီး ပြေးသလိုမျိုးလုပ်ရမယ့် Exercise ဖြစ်ပါတယ်။ နောက်ကိုမှီပြီး ခြေထောက်တစ်ဖက်ကိုဆန့်၊ နောက်ခြေထောက်တစ်ဖက်က ကွေးလိုက်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ ဆက်တိုက် အကြိမ် ၃၀ လုပ်ပေးရမှာ ဖြစ်ပါတယ်။