လူအများကြီးနဲ့ဆက်ဆံရတာ ၊ အာရုံစိုက်ခံရတာ ၊ လူကြားထဲမှာပြောဆိုဆက်ဆံရတာတွေက Extrovert သမားတွေထက် Introvert သမားတွေမှာ တခါတလေ အခက်အခဲရှိတတ်ပါတယ် ။ ဒါပေမယ့် အဆင်မပြေဘူးလို့တော့ မဆိုလိုပါဘူး။ တကယ့်လက်တွေ့ဘဝမှာ Introvert သမားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ထူးခြားမှုတခုလည်းဖြစ်နိုင်ပါတယ်။

ဒီအလုပ်တွေအားလုံးက Introvert သမားတွေအတွက် အကောင်းဆုံး အသက်မွေးဝမ်းကြောင်းအလုပ်တွေမလို့ သင့်ရဲ့ထူးခြားတဲ့အားသာချက်တွေကို ဖော်ထုတ်နိုင်မှာပါ။

စာကြည့်တိုက်မှူး

စာကြည့်တိုက်ဆိုတာက တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းတဲ့နေရာတစ်ခုဖြစ်တာမလို့ စာကြည့်တိုက်မှာ အလုပ်လုပ်တာက Introvert သမားတွေအတွက် လိုက်လျောညီထွေဖြစ်စေတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်စေပါတယ်။

မော်ကွန်းထိန်း

မော်ကွန်းထိန်ရဲ့တာဝန်က သမိုင်းကိုစိတ်ဝင်စားတဲ့သူ၊ အသေးစိတ်ကို စေ့စေ့စပ်စပ် အာရုံစိုက်ရတာမလို့ တိတ်ဆိတ်ငြိမ်သက်တဲ့ပတ်ဝန်းကျင်မှာ တစ်ယောက်တည်းနေတတ်တဲ့ Introvert သမားတွေနဲ့ ကိုက်ညီပါတယ်။

ပုံဆွဲဒီဇိုင်နာ

Graphic Design က ပတ်ဝန်းကျင်ရဲ့ဖိအားတွေမပါဘဲ တီထွင်ဖန်တီးမှုကိုဘဲ အာရုံစိုက်အလုပ်လုပ်ရတာမလို့ တိတ်ဆိတ်ငြိမ်သက်တဲ့ စတူဒီယိုခန်းထဲမှာ အလုပ်လုပ်ချင်တဲ့ Introvert သမားတွေနဲ့ ကိုက်ညီတဲ့အလုပ်တွေထဲက တစ်ခုပါ။

Data architect

ဒေတာဗိသုကာပညာရှင်ဆိုတာက ဒေတာတွေသိမ်းတာ ၊ ပြန်လည်ရယူတာ ၊ ခွဲခြမ်းစိတ်ဖြာတာတွေလုပ်ရတာမလို့ တွေးခေါ်မှုအပိုင်းနဲ့ ဒေတာအတွင်းပိုင်းလုပ်ဆောင်မှုတွေကို သဘောကျတဲ့ Introvert သမားတွေ ရွေးချယ်သင့်တဲ့အလုပ်ပါ။

Content Writer

အခုက ဒစ်ဂျစ်တယ်ခေတ်ရောက်နေပြီမလို့ ဘလော့ဂ်ပို့စ်တွေ ၊ ဆောင်းပါးတွေ ၊ ဝဘ်ဆိုဒ်အတွေမှာ ကိုယ့်ရဲ့ အတွေး ၊ စိတ်ကူးနဲ့ ဇာတ်လမ်းတွေကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ လွတ်လွတ်လပ်လပ် ဖော်ပြလို့ရတာကြောင့် ဒီအလုပ်က Introvert သမားတွေအတွက် အကောင်းဆုံး အသက်မွေးဝမ်းကြောင်းတွေထဲက တစ်ခုပါ။