အသားဖြူတာပဲဖြစ်ဖြစ်၊ အသားညိုတာပဲဖြစ်ဖြစ် မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး နာမည်ကြီး လူကြိုက်များတဲ့ ပါးနီ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ အရောင်တွေကလည်းလှတဲ့အပြင် quality ကလည်း ရှယ်ကောင်းတာတွေကြီးပဲမို့ ဝယ်ထားသင့်ပါတယ်။ စျေးကြီးပေမယ့် တချို့ဟာလေးတွေဆိုရင် mini size လေးတွေ ရှိပါတယ်။ Mini size တွေဆိုရင် စျေးကလည်း တစ်သောင်းဝန်းကျင်ပါပဲ။ ပါးနီက အကြာကြီးအသုံးခံတဲ့အတွက် mini ဝယ်ထားရင်တောင် တော်တော်အဆင်ပြေနေပါပြီ။
NARS Orgasm
NARS blusher တွေထဲမှာဆိုရင် Orgasm က တော်တော်လူကြိုက်များပြီး အရမ်းလှပါတယ်။ အသားဖြူဖြူ၊ ညိုညို ဘယ်လို skin tones မျိုးနဲ့မဆို လိုက်ဖက်ပါတယ်။ သူ့ပုံမှန် size ကတော့ စျေးကြီးပေမယ့် mini size လေးဆိုရင်တော့ တစ်သောင်းစွန်းစွန်းလေးပဲ ရှိပါတယ်။ အရမ်းလည်း အသုံးခံတာကြောင့် တစ်ယောက်ထဲသုံးမယ်ဆို mini size လေး အရင်ဝယ်သုံးကြည့်ပါ။
NARS Orgasm Liquid Blush
NARS ရဲ့ Orgasm Liquid Blush ကျတော့ liquid type ဖြစ်လို့ ကြည်ကြည်ပြောင်ပြောင်လေးနဲ့ dewy look ကြိုက်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ peachy pink shade လေးဖြစ်ပြီး အသားဖြူဖြူ၊ ညိုညို အားလုံးနဲ့လိုက်ပါတယ်။
Benefit Cosmetics Galifornia Blush
Benefit ရဲ့ ပါးနီတွေကလည်း နာမည်ကြီးလူကြိုက်များတဲ့ထဲ အမြဲပါပါတယ်။ အရမ်းလည်းလှပါတယ်။ Benefit ထဲမှာမှ Galifornia Blush ဆိုရင် အသားဖြူသူ၊ အသားလတ်သူ၊ အသားညိုသူ အားလုံးနဲ့ လိုက်ဖက်ပါတယ်။ Glow လည်း glow ပါတယ်။
Benefit Cosmetics Benetint
Benefit ထဲက Benetint ဆိုတဲ့ blusher လေးကလည်း အရမ်းလူသုံးများပါတယ်။ နည်းနည်းလေးသုံးတာနဲ့ အရောင်ထွက် အရမ်းလှတာကြောင့် မကြိုက်တဲ့သူ မရှိသလောက်ရှားပါတယ်။ အသားအရောင်မျိုးစုံ all skin tones နဲ့ လိုက်ဖက်ပါတယ်။
Surratt beauty Artistique Blush
Surratt beauty ထဲကမှ Artistique Blush ဆိုတဲ့ ပါးနီလေးဆိုရင် အရောင်ရင့်ရင့်လေးနဲ့ ငြိမ်ပြီး အရမ်းလှပါတယ်။ ခြယ်လိုက်ရင် natural ဆန်ပါတယ်။ သူလည်း အသားဖြူဖြူ၊ ညိုညို အားလုံးနဲ့ကို လိုက်ဖက်တာပါ။
source:www.harpersbazaar.com