မိန်းကလေးတိုင်း hair serum သုံးပေးသင့်ပါတယ်။ Hair serum မသုံးရင် ဆံပင်က အမြဲတမ်းဖွာနေတာမျိုး၊ ခြောက်သွေ့နေတာမျိုးတွေ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် hair serum ပုံမှန်သုံးပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုး ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ဆံပင်ဖွာတာမျိုးမဖြစ်ခြင်း

Hair serum ပုံမှန်သုံးပေးရင် ဆံပင်ဖွာတာတွေ မဖြစ်စေပါဘူး။ ဆံပင်ဖွာနေတယ်ဆိုရင် အဆီဓာတ်ခမ်းခြောက်နေလို့ပါ။ ဒါကြောင့် ခေါင်းလျှော်ပြီး ရေမခြောက်တစ်ခြောက်အချိန်မှာ hair serum လိမ်းပေးပါ။ ဆံပင်အဖျားလေးတွေကို နေ့တိုင်း ပုံမှန်လိမ်းပေးပါ။

ဆံသားတောက်ပြောင်စေခြင်း

Hair serum ပုံမှန်လိမ်းပေးရင် ဆံသားတောက်ပြောင်စေပါတယ်။ Hair serum လိမ်းတဲ့သူနဲ့ မလိမ်းတဲ့သူရဲ့ ဆံသားနှစ်ခုကိုယှဉ်ကြည့်ရင် သိသာပါတယ်။ မလိမ်းတဲ့ဆံသားက မွဲခြောက်ပြီးဖွာနေပါလိမ့်မယ်။ လိမ်းတဲ့ဆံသားကတော့ တောက်ပြောင်ပြီး ဆံသားသိပ်သိပ်လေးနဲ့ လှနေစေပါတယ်။

ခြောက်သွေ့တဲ့ဆံသားကိုအာဟာရဓာတ်ပြည့်စေခြင်း

Hair serum တွေက ခြောက်သွေ့ပြီးဖွာနေတဲ့ ဆံသားတွေအတွက် လိုအပ်တဲ့အာဟာရဓာတ်ကို ဖြည့်ပေးတာကြောင့် healthy hair လေးရလာစေပါတယ်။

ဆံသားချောမွေ့ပြီးရှင်းရလွယ်ခြင်း

ဆံသားကခြောက်ပြီးဖွာနေရင်၊ အဆီဓာတ်မရှိရင် ရှုပ်ထွေးတာ၊ ငြိတာတွေ ဖြစ်လွယ်ပါတယ်။ ရှင်းရခက်ပါတယ်။ Hair serum ပုံမှန်သုံးပေးရင်တော့ ဆံသားရှုပ်ထွေးပြီးငြိတာတွေ သက်သာစေမယ်။ ဆံပင်ရှင်းရတာလည်း လွယ်ကူစေပါတယ်။ ဆံပင်ကြမ်းတမ်းတာကိုလည်း သက်သာစေပါတယ်။

ဆံသားပျက်စီးတာသက်သာစေခြင်း

Hair serum ပုံမှန်သုံးပေးခြင်းက ဆံသားပျက်စီးတာတွေကိုလည်း သက်သာစေပါတယ်။ အထူးသဖြင့် ဆံပင်အဖျားနှစ်ခွဖြစ်တာ၊ ကျိုးပျက်ထွက်တာတွေကို သက်သာစေပါတယ်။