သင့်အနေနဲ့ ပူပြင်းတဲ့ နွေရာသီ နေ့တွေမှာ အပြင်ထွက်တာနဲ့ မျက်မှန် တပ်သင့်ပါတယ်။ မျက်မှန် ဝတ်တာက စတိုင်ကျဖို့အတွက်တင်မက တခြားအကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အများစုက အပြင်သွားရင် မျက်မှန် မတပ်ကြတာကြောင့် သင် တပ်ပြီး အပြင်ထွက်ရင် လူတွေက ထူးထူးဆန်းဆန်း ကြည့်နေနိုင်ပါတယ်။ ဒါပေမဲ့ သင်က လူတွေ အာရုံစိုက်တာ မခံချင်ရုံနဲ့ နေကာ မျက်မှန်မတပ်ဘူး ဆိုရင်တော့ လွဲနေပါပြီ။ နေပူတဲ့အချိန် နေကာမျက်မှန် တပ်ကို တပ်ပေးသင့်တဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ ဘယ်အကြောင်းအရင်းတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်-

၁။ နေကာမျက်မှန်က UV Rays ကနေ ကာကွယ်ပေးတယ်

မျက်မှန် အမျိုးအစားကောင်းရင် ကောင်းသလို နေရောင်ခြည်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ နေရောင်ခြည် ထိတာများရင် မျက်လုံးအောက်က အနူးညံ့ဆုံး အရေပြားက အရေးအကြောင်း ဖြစ်တာ ပိုလွယ်ကာ အလွယ်တကူ အိုမင်းရင့်ရော်နိုင်ပါတယ်။ မြန်မာနိုင်ငံလို ပူတဲ့ ရာသီမှာ နေကာမျက်မှန်ကို ပိုလိုအပ်ပါတယ်။

၂။ ခေါင်းကိုက်တာ၊ မူးဝေတာ သက်သာစေတယ်

နေကာမျက်မှန်တပ်လိုက်တဲ့အခါ မျက်လုံးအေးသွားပြီး နေထွက်တဲ့ဘက် မျက်မှောင်ကျုံ့ မကြည့်ရတာကြောင့် ခေါင်းကိုက်တာ၊ မူးတာတွေ သက်သာစေနိုင်ပါတယ်။

၃။ Skin Cancer ကိုကာကွယ်ပေးတယ်

Skin Cancer က မျက်ခွံပေါ် ဖြစ်နိုင်ချေ 5 ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း ရှိပါတယ်​။ ဒါကြောင့် နေကာမျက်မှန် တပ်ပေးသင့်ပါတယ်။

၄။ ဖုန်မှုန့်၊ သဲတွေ ဝင်တာကနေ ကာကွယ်ပေးတယ်

နေကာမျက်မှန်တပ်လိုက်တာနဲ့ လေတိုက်တဲ့အချိန် မျက်လုံးထဲ အမှုန်ဝင်တာလည်း ကြောက်စရာ မလိုတော့ပါဘူး။

၅။ အလင်းထဲ ပိုမြင်ရတယ်

နေကာမျက်မှန်မပါရင် နေပူတဲ့ ဆီ ကြည့်တဲ့အခါ အလင်းမခံနိုင်ဘဲ မျက်လုံး မှိတ်ရတာကို သင်သိမှာပါ။ နေကာ မျက်မှန်တပ်ရင်တော့ ဒါတွေ တွေးစရာမလိုဘဲ သေချာကြည့်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar