Hair Oil မသုံးတဲ့အခါ ဆံပင်က ကြည့်လိုက်ရင် အဆီဓာတ်မရှိသလို ခြောက်သွေ့ပြီး ဖွာနေတတ်ပါတယ်။ ဆံကေသာလှပမှုလည်း မရှိပါဘူး။ ဒါကြောင့် Hair Oil က ပုံမှန်အမြဲသုံးပေးသင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ Hair Oil ပုံမှန်သုံးပေးခြင်းကြောင့် ဒီလိုကောင်းကျိုးတွေလည်း ရရှိစေပါတယ်။

ဆံပင်ဖွာတာသက်သာစေခြင်း

ပုံမှန် Hair Oil သုံးနေတဲ့အတွက် ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကို ရရှိပြီး ဆံသားတောက်ပြောင်စေတယ်၊ ဆံသားသိပ်သိပ်လေး ဖြစ်နေစေပါတယ်။ ဒီတော့ ဆံပင်ဖွာတာ၊ ခြောက်သွေ့တာတွေလည်း သက်သာစေပါတယ်။

အပူဒဏ်ကြောင့်ပျက်စီးမှုသိပ်မဖြစ်စေခြင်း

ဆံပင်ကိုကောက်စက်၊ ဖြောင့်စက်နဲ့ Dryer သုံးတာတွေက ဆံသားထိခိုက်ပျက်စီးမှု ပိုဖြစ်စေပါတယ်။ ဒီလိုအပူဒဏ်ကြောင့် ဆံသားပျက်စီးမှုနည်းအောင် Hair Oil သုံးပေးရပါမယ်။ Hair Oil သုံးပေးရင် ပျက်စီးမှုနှုန်း လျော့ကျစေပါတယ်။

Hydrate ဓာတ်ရစေခြင်း

ဆံသားကို အမြဲတမ်း Hair Oil လိမ်းပေးနေတဲ့အတွက် ဆံသားက စိုပြေတောက်ပြောင်ပြီး ဆံသားအလှ ပိုပေါ်လွင်စေပါတယ်။ ဆံပင်ကျွတ်တာတွေလည်း သက်သာသွားစေပါတယ်။ ဆံသားအတွက်လိုအပ်တဲ့ အဆီဓာတ်ကိုလည်း ပြန်လည်ရရှိစေပါတယ်။

ဆံပင်သန်စေခြင်း

ခေါင်းမလျှော်ခင်မှာ အုန်းဆီ၊ သံလွင်ဆီ၊ ကြက်ဆူဆီ စတဲ့ Hair Oil တွေလိမ်းပေးပြီး နှပ်ထား၊ ပြီးမှ ခေါင်းလျှောက်တာမျိုး၊ ခေါင်းလျှော်ပြီးရင်လည်း Hair Oil, Hair Serum တွေ သေချာလိမ်းပေးပြီး ပုံမှန်လည်း အမြဲလိမ်းပေးနေမယ်ဆိုရင် ဆံသားကျန်းမာပြီး သန်စွမ်းလာမယ်၊ ဆံပင်အရှည်မြန်လာမယ်၊ ဆံပင်အုံထူလာစေပါမယ်။

UV ဒဏ်ကိုကာကွယ်ပေးခြင်း

Oil တွေက သဘာဝအတိုင်း UV ဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကို နေရောင်ခြည်တိုက်ရိုက်ထိတွေ့ပြီး ပျက်စီးတာမျိုးမဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။ Hair Oil ပုံမှန်လိမ်းနေတဲ့ ဆံသားနဲ့ မလိမ်းတဲ့ဆံသား နှစ်ခုယှဉ်လိုက်မယ်ဆိုရင် Hair Oil မလိမ်းတဲ့ဆံသားက UV ထိရင် ပျက်စီးမှု ပိုများပါတယ်။ ဒါကြောင့် Hair Oil ကို သေချာလေး ပုံမှန်လိမ်းပေးသင့်ပါတယ်။