ဘယ်လိုအချိန်မှာ ရေခဲနဲ့ရေချိုးပေးသင့်လဲဆိုရင်တော့ workout လုပ်ပြီးတဲ့အချိန်၊ ကြွက်သားနာကျင်တဲ့အချိန်၊ စိတ်ရှုပ်ထွေးနေတဲ့အချိန်တွေမှာ ချိုးပေးသင့်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေချိုးတာပဲ ကောင်းပါတယ်။ ရေခဲနဲ့စိမ်ပြီး ရေချိုးတဲ့အခါမှာ ၁၅ မိနစ်ထက်ပိုပြီး မစိမ်သင့်ပါဘူး။ ရေချိုးတဲ့ bath tube ထဲ ရေထည့်၊ ရေခဲထည့်ပြီး ဝင်စိမ်ပေးရမှာပါ။ ကိုယ်နေနိုင်တဲ့ အနေအထားလောက်ပဲ လုပ်ပေးပါ။ ဒီလို ရေခဲနဲ့ ရေချိုးပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုး (၅) မျိုးကိုလည်း ပြောပြပေးလိုက်ပါတယ်။

Workout လုပ်သူများအတွက် ကြွက်သားနာကျင်တာသက်သာစေခြင်း

ရေခဲနဲ့ရေချိုးပေးခြင်းက ပြင်းထန်တဲ့ workout တွေလုပ်ပြီး ကြွက်သားတွေနာကျင်နေတာတွေကို သက်သာအောင်၊ recover ပြန်ရအောင် ကူညီပေးပါတယ်။ ချိုးလိုက်ရင် အရမ်းကိုလန်းဆန်းပြီး ပင်ပန်းတာတွေပျောက်သွားသလို ခံစားမှုမျိုးရစေပါတယ်။ အမြဲတမ်း လေ့ကျင့်ခန်းလုပ်နေတဲ့သူ၊ workout လုပ်နေတဲ့သူတွေအတွက် ကြွက်သားနာကျင်မှုတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

Mental Health ပိုကောင်းလာစေခြင်း

ရေခဲနဲ့စိမ်ပြီးရေချိုးပေးခြင်းက စိတ်ရှုပ်ထွေးပြီး စိတ်ညစ်နေတာ၊ ဝမ်းနည်းနေတာ၊ စိတ်ဓာတ်ကျနေတာတွေကို သက်သာစေပြီး mental health ပိုကောင်းလာပါတယ်။ ဒါပေမယ့် ခဏခဏချိုးပေးတာတော့ မကောင်းပါဘူး။

အိပ်လို့ပိုကောင်းစေခြင်း

လူရောစိတ်ပါ ပင်ပန်းနေချိန်မှာ ရေခဲနဲ့စိမ်ပြီးရေချိုးလိုက်ရင် ခန္ဓာကိုယ်အေးပြီး ပေါ့ပါးသွားလို့ အိပ်လို့ပိုကောင်းစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။

အနာတရဖြစ်တာကိုသက်သာစေခြင်း

ရေခဲနဲ့ရေချိုးပေးတာက နာကျင်မှုတွေကို သက်သာစေပြီး အနာတရဖြစ်တာတွေလည်း အပျောက်မြန်အောင် ကူညီပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ပိုကောင်းစေခြင်း

ရေခဲနဲ့ရေချိုးပေးတာက ကိုယ်ခံအားစနစ်လည်း ပိုကောင်းလာစေပါတယ်။ ဒါပေမယ့် သတ်မှတ်ချိန်ထက် ပိုစိမ်ချိုးရင်၊ ကိုယ်ခံနိုင်တဲ့အနေအထားထက် ရေခဲပိုထည့်ချိုးမိရင် အအေးပတ်တာမျိုး ဖြစ်တတ်တာကြောင့် သေချာဂရုစိုက်ဖို့လိုပါတယ်။

source:www.byrdie.com