အသားအရေကို ပုံမှန် Exfoliate လုပ် Scrub တိုက်ပေးရင် အသားအရေပိုကောင်းလာသလို နှုတ်ခမ်းလည်း တူတူပါပဲ။ အနည်းဆုံး တစ်ပတ်တစ်ကြိမ်တော့ ပုံမှန် Exfoliate လုပ်ပေးသင့်ပါတယ်။ နှုတ်ခမ်းကို Exfoliate ပုံမှန်လုပ်ပေးမယ်ဆိုရင် ဒီလိုကောင်းကျိုး ၅ ခုကို ရရှိလာမှာပါ။

ကောင်းကျိုး ၁

နှုတ်ခမ်းကို Exfoliate ပုံမှန်လုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းသား ခြောက်သွေ့တာကို သက်သာပျောက်ကင်းစေပြီး နှုတ်ခမ်းကွဲတာတွေလည်း သက်သာစေပါတယ်။

ကောင်းကျိုး ၂

 

နှုတ်ခမ်းကို ပုံမှန် Exfoliate လုပ်ပေးနေတဲ့အတွက် နှုတ်ခမ်းသားက အမြဲတမ်း နူးညံ့ချောမွေ့နေစေပါတယ်။

ကောင်းကျိုး ၃

နှုတ်ခမ်းကို Exfoliate ပုံမှန်လုပ်ပေးပြီး Lip Balm or Lip Mask ကိုလည်း ညတိုင်းဆိုးပေးမယ်ဆိုရင် နှုတ်ခမ်းအသားအရေအတွက် လိုအပ်တဲ့ Moisture ကို ထိန်းပေးထားနိုင်ပြီး Healthy ဖြစ်စေပါတယ်။

ကောင်းကျိုး ၄

နှုတ်ခမ်းကို Exfoliate ပုံမှန်လုပ်ပေးခြင်းရဲ့ နောက်ထပ်ကောင်းကျိုးကတော့ နှုတ်ခမ်းနီဆိုးတဲ့အခါမှာလည်း နှုတ်ခမ်းသားချောမွေ့နေတဲ့အတွက် ဆိုးရတာပိုအဆင်ပြေစေတယ်၊ နှုတ်ခမ်းသားလည်း ပိုလှပစေတယ်၊ ဆိုးထားတဲ့ နှုတ်ခမ်းနီကိုလည်း Long Lasting ဖြစ်စေပါတယ်။

ကောင်းကျိုး ၅

နှုတ်ခမ်းကို Exfoliate ပုံမှန်လုပ်ပေးခြင်းကြောင့် ရရှိလာမယ့် ကောင်းကျိုးတွေထဲက နောက်ဆုံးတစ်ချက်ကတော့ နှုတ်ခမ်းကွဲပြီး ရောင်ရမ်းတာ၊ သွေးထွက်တာ၊ နှုတ်ခမ်းခြောက်သွေ့တာတွေ ဖြစ်စေတဲ့ ရေဓာတ်ခန်းခြောက်မှုကိုလည်း မဖြစ်အောင်လို့ ကြိုတင်ကာကွယ်ပေးပါတယ်။