လူတိုင်းကတော့ အိပ်ပြီဆိုရင် ခေါင်းအုံးနဲ့ အိပ်ကြတာပဲများပါတယ်။ ဒါပေမယ့် မထင်မှတ်ထားလောက်အောင်ပါပဲ။ ခေါင်းအုံးမပါပဲအိပ်ခြင်းကြောင့် သင့်အသားအရေအတွက် ဒီလိုကောင်းကျိုး ၅ မျိုး ရရှိလာနိုင်ပါတယ်။

အရေးအကြောင်းဖြစ်ပွားမှုနှုန်းလျော့ကျစေတယ်

ခေါင်းအုံးအသားတွေက cotton နဲ့လုပ်ထားကြတာများပါတယ်။ အဲ့ဒီခေါင်းအုံးနဲ့အိပ်တဲ့အခါမှာ မျက်နှာကိုပွတ်မိသလို ဖြစ်စေလို့ အရေးအကြောင်းတွေ ပုံမှန်ထက်ပိုပြီး အဖြစ်မြန်ပါတယ်။ ဒါကြောင့် ခေါင်းအုံးနဲ့မအိပ်ရင်တော့ အရေးအကြောင်းဖြစ်ပွားမှုနှုန်း လျော့ကျလာစေပါမယ်။

အသားအရေချောမွေ့စေတယ်

ခေါင်းအုံးနဲ့မအိပ်တာကြာရင် အသားအရေက ပုံမှန်ထက်ပိုပြီး ချောမွေ့လာစေပါတယ်။ ခေါင်းအုံးနဲ့အိပ်တာနဲ့ ခေါင်းအုံးမပါပဲအိပ်တာကို အချိန်ကြာစောင့်ကြည့်ပြီး ယှဉ်ကြည့်မယ်ဆိုရင်တော့ သိသာတဲ့ result ကို တွေ့ရမှာပါ။

Skin irritation မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်

ကိုယ့်အသားအရေက sensitive ဖြစ်တယ်၊ acne-prone skin ဖြစ်တယ်ဆိုရင် cotton နဲ့ ခေါင်းအုံးတွေကို မသုံးတာ ပိုကောင်းပါတယ်။ သူက အခန့်မသင့်ရရင် Skin irritation ဖြစ်စေပါတယ်။ အသားအရေ ကျိန်းစပ်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေ၊ ယားတာမျိုးတွေ၊ ဘာကြောင့်မှန်းမသိ အဖုကြီးတွေ၊ ဖုလေးတွေ အပြုံလိုက်ထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းအုံးမပါပဲအိပ်မယ်ဆိုရင်တော့ ဒီပြဿနာတွေမဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

အသားအရေ Bright ဖြစ်လာစေတယ်

ခေါင်းအုံးမပါပဲအိပ်တာက သွေးလည်ပတ်မှုကောင်းစေပြီး အသားအရေ Bright ဖြစ်လာစေပါတယ်။ Skin problem တွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ခေါင်းကိုက်တာ၊ လည်ပင်းနာတာမျိုးတွေ မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံးဘေးကအရေးအကြောင်းတွေလျော့ကျစေတယ်

ခေါင်းအုံးနဲ့အိပ်ရင် အထူးသဖြင့် ဘေးတစ်စောင်းအိပ်ရင် မျက်လုံးလေးနားက skin ကို တွန်းထားသလိုဖြစ်စေတဲ့အတွက် မျက်လုံးဘေးက အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာစေပါတယ်။ ဒါကြောင့် ခေါင်းအုံးမပါပဲအိပ်ရင်တော့ မျက်လုံးဘေးမှာပေါ်တတ်တဲ့ အရေးအကြောင်းတွေ ဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။

source:www.brightside.me